The Republic of the Union of Myanmar

Central Bank of Myanmar

Latest News

ဘဏ္ဍာရေးနှင်‌့ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲရေးဝန်ဆောင်မှုလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးဆပ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ

၁။         ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်သည့် ဝန်ဆောင်မှုလုပ်ငန်းများ လွတ်လပ်စွာ စီးဆင်းစေနိုင်ရေး လုပ်ငန်းကော်မတီအောက်တွင် ဆပ်ကော်မတီ ၁၁ ရပ်ဖွဲ့စည်းခဲ့ပြီး၊ အဆိုပါ ဆပ်ကော်မတီ ၁၁ ရပ်တွင် ဘဏ္ဍာရေးနှင်‌့ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲရေးဝန်ဆောင်မှုလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး ဆပ်ကော်မတီကို အဖွဲ့ဝင် ၁၀ ဦး ဖြင့် (၂၃ - ၅ -၂၀၁၂) ရက်နေ့တွင် အတည်ပြု ဖွဲ့စည်းခဲ့ပါသည်။ (၁၇-၇-၂၀၁၂) ရက်နေ့တွင် အဖွဲ့ဝင်သစ် ၂ ဦး ထပ်မံဖြည့်ဆည်းခဲ့ရာ လက်ရှိ စုစုပေါင်းအဖွဲ့ဝင် (၁၂) ဦးရှိပါသည်။

၂။         ဆပ်ကော်မတီ၏ရှေ့လုပ်ငန်းစဉ်(၈) ရပ်မှာအောက်ပါအတိုင်းဖြစ်ပါသည်-

အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) နှင်‌့ ညီညွတ်စေရန် ဆောင်ရွက်လျက်ရှိသည်‌့ ငွေကြေးအရင်းအနှီးများ ပိုမိုလွတ်လပ်စွာစီးဆင်းစေရေး လုပ်ငန်းစဉ်များ

အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးဖြစ်စေရန်အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုများကို ဘက်ပေါင်းစုံမှအရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။ ယခုကဲ့သို့ပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများ၏ အသိအမှတ် ပြုခြင်းများကို ရရှိခဲ့ပြီး၊ ဝိုင်းဝန်းအားပေးကူညီမှုများကိုလည်း ရရှိခဲ့ပါသည်။

အီလက်ထရောနစ်ကတ်ဖြင့် ပေးချေမှုဆိုင်ရာ ညွှန်ကြားချက်အမှတ်(၂/၂ဝ၁၂)

အီလက်ထရောနစ်ကတ်ဖြင့် ပေးချေမှုဆိုင်ရာ ညွှန်ကြားချက်အမှတ် (၂/၂ဝ၁၂)နှင့် ပတ်သက်သည့် ညွှန်ကြားချက်အား Regulation ခေါင်းစဉ်အောက်ရှိ E-CARD INSTRUCTION တွင် ဖတ်ရှုနိုင်ပါသည်။

အထွေထွေဘဏ်လုပ်ငန်းသင်တန်း အမှတ်စဉ် (၂၀) ဖွင့်ပွဲ

မြန်မာနိုင်ငံဘဏ်များ ကြီးကြပ်ရေးကော်မတီမှ ကြီးမှှုးဖွင့်လှစ်သည့် အထွေထွေ ဘဏ်လုပ်ငန်းသင်တန်း (ရန်ကုန်) (General Banking Course) အမှတ်စဉ် (၂၀) ဖွင့်ပွဲအခမ်းအနားအား ရန်ကုန်မြို့နယ်၊ မြန်မာနိုင်ငံဘဏ်များအသင်း အဆောက်အဦး ဇမ္ဗူရစ်ရွှေစင်ခန်းမ၌ (၉-၇-၂၀၁၂)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဘဏ်များကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှုး ဦးမောင်မောင်ဝင်း ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်)က အမှာစကားပြောကြားပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ထိုင်းနိုင်ငံဗဟိုဘဏ်တို့အကြား နည်းပညာပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းနှင့် ထိုင်းနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ Dr. Prasarn Trairatvorakul တို့သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဝန်ထမ်းများ၏ ဗဟိုဘဏ်လုပ်ငန်းစွမ်းဆောင်ရည် တိုးမြှင့်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ထိုင်းနိုင်ငံဗဟိုဘဏ်တို့အကြား နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား ယနေ့ လက်မှတ်ရေးထိုးခဲ့ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုမှာ မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးနှင့် ငွေရေးကြေးရေး အခြေခံအဆောက်အအုံ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူဖြစ်စေမည်သာမက အာဆီယံစီးပွားရေးပေါင်းစည်း ရေးလုပ်ငန်းစဉ်အတွက်ပါ အထောက်အကူပြုမည် ဖြစ်ပါသည်။

Signing of a Memorandum of Understanding between the Central Bank of Myanmar and the Bank of Thailand on Technical Cooperation

Dr. Prasarn Trairatvorakul, Governor of the Bank  of Thailand (BOT), and Mr. Than Nyein, Governor of the Central Bank of Myanmar (CBM), today signed  the Memorandum of  Understanding (MoU) on technical cooperation between the two institutions to  enhance  the central  banking  capacity of CBM  staff. This  cooperation effort will not  only support  Myanmar’s socioeconomic and financial  structural reform, but also contribute towards the ASEAN  economic integration.

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားသစ် ၂ဝ၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် စတင်ထုတ်ဝေမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

နေပြည်တော်

ရက်စွဲ၊ ၂ဝ၁၂ ခုနှစ်၊ ဇွန်လ  ၇  ရက်

သတင်းကြေညာချက်

            မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားသစ်ကို ၂ဝ၁၂ ခုနှစ် ဇွန်လ ၁၅ ရက် နေ့တွင် စတင်ထုတ်ဝေပါမည်။ ငွေစက္ကူသစ်ကို ပြည်သူများအား ဘဏ်ဖွင့်ချိန်အတွင်း  မြန်မာနိုင်ငံတော်ဗဟိုဘဏ်    ငွေကြေးဌာနတွင်လည်းကောင်း၊ ဘဏ်များနှင့် အစိုးရငွေတိုက်များတွင်လည်းကောင်း ထုတ်ပေးပါမည်။

ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၇ ဘဏ်ကို နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်ခွင့်လိုင်စင်များ ထုတ်ပေးခဲ့ ယခုလအတွင်း Debit Card များ စတင်သုံးစွဲနိုင်စေရန် လိုအပ်သည့်လုပ်ငန်းစဉ်များ ဆောင်ရွက်နေ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၁-၄-၂ဝ၁၂ ရက်နေ့မှ စတင်ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းပေါင်းစည်းခြင်းလုပ်ငန်း ၏ ပထမခြေလှမ်းအဖြစ် ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ်ကို စတင်ကျင့်သုံးခဲ့ပြီး ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၇ ဘဏ်ကိုလည်း နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ခွင့်လိုင်စင်များ ထုတ်ပေး ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အတွင်း နိုင်ငံ ခြားသားများ၊ ကမ္ဘာလှည့်ခရီးသည်များ၊ ပြည်တွင်းနေ နိုင်ငံသားများ နိုင်ငံခြားသုံးငွေများ လွယ်ကူအဆင်ပြေစွာ စနစ်တကျ လဲလှယ်သုံးစွဲနိုင်စေရန် ဘဏ်များ၊ လေဆိပ်များ၊ ဟိုတယ်များ၊ ဈေးဝယ်စင်တာများနှင့် ကမ္ဘာလှည့်ခရီးသည်များ အများဆုံး သွားရောက်နိုင်သည့် နေရာများတွင် နို

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအား ဧည့်အဖွဲ့များ လာရောက်တွေ့ဆုံ

    ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းအား HongKong and Shanghai Banking Corporation Ltd. (HSBC)မှ General Manager, Mr. Guy Harvey-Samuel နှင့်အဖွဲ့သည် မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပြီး HSBC ဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ကိစ္စများကို အကျယ် တဝင့် ဆွေးနွေးခဲ့ကြသည်။

အသိပေးကြေညာချက်

၁။         မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားဧည့်သည်များအနေဖြင့် နိုင်ငံခြားငွေများ လွတ်လပ်စွာ လဲလှယ်ရောင်း ဝယ်နိုင်စေရန်အတွက် နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာ (Money Changer Counter)များကို (၁-၁ဝ-၂ဝ၁၁)ရက် နေ့မှ စတင်၍ မြန်မာနိုင်ငံအတွင်း အောက်ဖော်ပြပါနေရာများတွင် ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်-

 

စဉ်

မြို့

နေရာ

Pages

MMK per USD - Date 18th October 2021

Reference Exchange Rate (CBM Auction Rate)

1820.0

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

Interest Rate(%)
Central Bank Rate 7%pa
Minimum Bank Deposit Rate 5%pa

Maximum Bank Lending Rate (Secured)

Maximum Bank Lending Rate (Unsecured)

10%pa

 

14.5%pa

Economic Indicators (%)
GDP Growth Rate
2019-2020 FY
3.20 %
Annual Rate of Inflation
(February 2021)
2.61 %
Year on Year Inflation
(February 2021)
1.51 %

    Source :

    Ministry of Planning, Finance and Industry