The Republic of the Union of Myanmar

Central Bank of Myanmar

အခန်း(၁၂) အထွေထွေ

၉၁။ တည်ဆဲဥပဒေများတွင် မည်သို့ပင်ပါရှိစေကာမူ ဝန်ကြီးဌာနသည် အစိုးရ၏ခွင့်ပြုချက်ဖြင့် ဗဟိုဘဏ်အား ငွေရေး ကြေးရေးကဏ္ဍနှင့် သက်ဆိုင်သောလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုနိုင်သည်။

၉၂။ ဤဥပဒေပါပြစ်မှုများကို ပြည်သူ့ရဲတပ်ဖွဲ့က အရေးယူပိုင်သော ပြစ်မှုများအဖြစ်သတ်မှတ်သည်။

၉၃။ ပုဒ်မ ၈၇ သို့မဟုတ် ပုဒ်မ ၈၈ အရ တရားစွဲဆိုရာတွင် ဗဟိုဘဏ်၏ ကြိုတင်ခွင့်ပြုချက်ရယူရမည်။

၉၄။ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဗဟိုဘဏ်သို့ပေးရန်ရှိသည့် ကြွေးမြီများကိုနိုင်ငံတော်က ရရန်ပိုင်ခွင့်များမှတစ်ပါး အခြားရရန်ပိုင်ခွင့်အားလုံးထက် ဦးစားပေးရမည်။

၉၅။ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပါ ပြဌာန်းချက်များသည် ဗဟိုဘဏ်နှင့်မသက်ဆိုင်စေရ။

၉၆။ ကာလစည်းကမ်းသတ်အက်ဥပဒေ ပထမဇယား အပိုဒ် ၁၄၉ သည် ဗဟိုဘဏ်က တရားစွဲဆိုသည့်အမှုအားလုံးနှင့် သက်ဆိုင်စေရမည်။

၉၇။ ဗဟိုဘဏ်သည် ဘဏ်ဥပဒေ (၁၉၇၅ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၉) အရ တည်ထောင်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်ပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သောပစ္စည်းများကိုသော်လည်းကောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်းကောင်း၊ ဆောင်ရွက်ပြီးလုပ်ငန်းများကိုလည်းကောင်း၊ ရရန်ပိုင်ခွင့်နှင့်ပေးရန် တာဝန်များကိုလည်းကောင်း အသီးသီးဆက်ခံရမည်။

၉၈။ ဘဏ်ဥပဒေ (၁၉၇၅ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၉ )အရ တည်ထောင်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကပြုလုပ်ခဲ့သည့် သို့မဟုတ် ချုပ်ဆိုခဲ့သည့်သဘောတူစာချုပ်များသည် ဤဥပဒေအရ ဆက်ခံသည့်ဗဟိုဘဏ်က ချုပ်ဆိုသည့် သဘောတူစာချုပ်များဖြစ်သည်ဟု မှတ်ယူရမည်။

၉၉။ ဘဏ်ဥပဒေ (၁၉၇၅ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၉ ) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။ ယင်းဥပဒေကို ရုပ်သိမ်းလိုက်သော်လည်း ယင်းဥပဒေအရ တည်ထောင်ထားရှိသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့သည် ဤဥပဒေအရဆက်ခံမည့် ဒါရိုက်တာအဖွဲ့အား တာဝန်ဝတ္တရားများလွဲှအပ်ပေးသည့်နေ့အထိ လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိစေရမည်။

၁၀၀။ ဗဟိုဘဏ်သည် ကူးပြောင်းဆဲကာလအတွင်း ဤဥပဒေအရအပ်နှင်းသောလုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို စတင် အကောင်အထည်မဖော်နိုင်သည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဘဏ်ဥပဒေ (၁၉၇၅ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၉ ) ပါ ပြဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်သည်။ သို့ရာတွင် ယင်းကူးပြောင်းဆဲကာလ သည် ဝန်ကြီးဌာနက သတ်မှတ်သည့်အတိုင်း ဖြစ်စေရမည်။

၁၀၁။ ရုပ်သိမ်းလိုက်သည့်ဘဏ်ဥပဒေ (၁၉၇၅ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၉) အရဖြစ်စေ၊ အခြားလုပ်ပိုင်ခွင့်တစ်ခုခုအရဖြစ်စေ ပြဌာန်းသည့်နည်းဥပဒေများ၊ ထုတ်ပြန်သည့်စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက် များသည် ဤဥပဒေနှင့်မဆန့်ကျင်သမျှ သို့မဟုတ် ရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းမပြုသေးသမျှ ဆက်လက်အကျိုး သက်ရောက်စေရမည့်အပြင် ဤဥပဒေနှင့်အညီပြဌာန်းသည့် နည်းဥပဒေများ၊ ထုတ်ပြန်သည့် စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ သို့မဟုတ် ညွှန်ကြားချက်များဖြစ်သည်ဟူ၍ မှတ်ယူရမည်။

၁၀၂။ ဤဥပဒေပါ ပြဌာန်းချက်များကို ဆောင်ရွက်နိုင်ရန်-
(က) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်၊
(ခ) ဗဟိုဘဏ်သည် စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များနှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

MMK per USD - Date 3rd December 2021

Reference Exchange Rate (CBM Auction Rate)

1780.0

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၇%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၅%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၀%

တစ်နှစ်လျင် ၁၄.၅%

 

Economic Indicators (%)

GDP Growth Rate
2019-2020 FY
3.20 %
Annual Rate of Inflation
(February 2021)
2.61 %
Year on Year Inflation
(February 2021)
1.51 %

    Source :

    Ministry of Planning, Finance and Industry