The Republic of the Union of Myanmar

Central Bank of Myanmar

Photo Gallery

Video Gallery

အခန်း(၃) ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ

၈။ ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ငွေစက္ကူများ သို့မဟုတ် ဒင်္ဂါးများဖြစ်သော ပြည်တွင်းသုံးစွဲငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်း၊
(ခ) အစိုးရ၏ ငွေစာရင်းများကို ထိန်းသိမ်းပေးခြင်းဖြင့် အစိုးရ၏ဘဏ်အဖြစ် ဆောင်ရွက်ခြင်း၊
(ဂ) စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာမူဝါဒနှင့် စီမံကိန်းများ၊ နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေငွေစာရင်းတို့အပါအဝင် အစိုးရက လိုအပ်သည့် စီးပွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အစိုးရ၏အကြံပေးအဖြစ်ဆောင်ရွက်ခြင်း၊
(ဃ) အစိုးရငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေခြင်းအတွက် အစိုးရ၏အကြံပေးနှင့် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခြင်း၊
(င) မိမိ၏ အဓိကရည်မှန်းချက်နှင့်အညီ ရည်ရွယ်ချက်များထမြောက်အောင်မြင်စေရန်အလို့ငှာ ငွေကြေးမူဝါဒကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(စ) ငွေရေးကြေးရေးစနစ်ကို ခိုင်မာစိတ်ချစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်နှင့် ဖွံ့ဖြိုးမှုပိုမိုကောင်းမွန်စေရန် အလို့ငှာ ငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြီးကြပ်စစ်ဆေးခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်း၊
(ဆ) ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ ဘဏ် အဖြစ်ဆောင်ရွက်ပေးခြင်း၊
(ဇ) နိုင်ငံတော်၏ နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒကို အကောင်အထည်ဖော်ခြင်းနှင့် အစိုးရ၏ ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားသုံးငွေ အပေးအယူ ပြုလုပ်မှုများကိုထိန်းချုပ်ခြင်း၊
(ဈ) နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေကို စီမံခန့်ခွဲခြင်းနှင့် ပြည်တွင်းနေထိုင်သူများ၏ အပြည်ပြည်ဆိုင်ရာ အပေးအယူပြုလုပ်မှုများကို ပုံမှန်ပေးချေခွင့်ပြုနိုင်မည်ဖြစ်သော တည်ငြိမ်၍ကောင်းမွန်သည့် နိုင်ငံခြားငွေပေး ငွေယူစာရင်း အခြေအနေတစ်ရပ်ရရှိစေရန်လိုအပ်သော နည်းလမ်းများကို တာဝန်ယူဆောင်ရွက်ခြင်း၊
(ည) ဘဏ်လုပ်ငန်း၊ ချေးငွေနှင့် ငွေကြေးနယ်ပယ်၌ နိုင်ငံတကာအစိုးရအဖွဲ့အစည်းများတွင် နိုင်ငံတော်၏ ပါဝင် ဆောင်ရွက်မှုကြောင့်ဖြစ်ပေါ်လာသော အပေးအယူပြုလုပ်မှုများကိုဆောင်ရွက်ခြင်းနှင့် တာဝန်ဝတ္တရား အားလုံးကို အစိုးရအမည်ဖြင့် တာဝန်ခံဆောင်ရွက်ခြင်း၊ အစိုးရကိုယ်စား အဆိုပါအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။

၉။ ဗဟိုဘဏ်သည် အောက်ပါလုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ခွင့်ရှိသည်-
(က) မိမိအတွက် မိမိအမည်ဖြင့် ငွေချေးသက်သေခံလက်မှတ်များထုတ်ဝေခြင်းနှင့် ယင်းငွေချေးသက်သေခံ လက်မှတ်များကို အများပြည်သူထံမှဝယ်ယူခြင်း၊ အများပြည်သူထံသို့ရောင်းချခြင်း၊ အများပြည်သူနှင့် ရောင်းဝယ် ဖောက်ကားခြင်း၊
(ခ) ငွေလွှဲလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခြင်း၊
(ဂ) ငွေချေးသက်သေခံလက်မှတ်များကို ထိန်းသိမ်းပေးခြင်းနှင့် ယင်းတို့အပေါ် ရရန်ရှိသည့်အတိုးငွေများ သို့မဟုတ် အမြတ်ဝေစုများကို ကောက်ခံပေးခြင်း၊
(ဃ) မိမိရရန်ရှိသောကြွေးမြီအတွက် လက်ခံရရှိသည့် ရွှေ့ပြောင်းနိုင်သောပစ္စည်းကိုဖြစ်စေ၊ မရွှေ့မပြောင်းနိုင် သော ပစ္စည်းကိုဖြစ်စေ ရောင်းချ၍တန်ဖိုးကိုရယူခြင်း၊
(င) မိမိသင့်လျော်သည်ဟုယူဆသော စည်းကမ်းချက်များအရ ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေမည်သည့် သုံးစွဲငွေအမျိုးအစားဖြင့်မဆို ငွေချေးယူခွင့်များ ဖန်တီးပေးခြင်းနှင့် အာမခံများထုတ်ပေးခြင်း၊
(စ) ဤဥပဒေအရ တရားစွဲဆိုရန် ခွင့်ပြုမိန့်တောင်းခံလာသည့် ကိစ္စရပ်များကို အဆုံးအဖြတ်ပေးခြင်း။

၁၀။ ဗဟိုဘဏ်သည် မိမိ၏လုပ်ငန်းများဆောင်ရွက်ရန်လိုအပ်သည်ဟု ယူဆသောလုပ်ငန်းဥပစာများနှင့် လုပ်ငန်းသုံးပစ္စည်း တို့ကို ဥပဒေနှင့်အညီရယူခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ထားရှိခြင်း သို့မဟုတ် ရောင်းချခြင်းတို့ကို ပြုလုပ်နိုင်သည်။

၁၁။ ဗဟိုဘဏ်သည် ဤဥပဒေအရ မိမိအားအပ်နှင်းထားသော လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ဆောင်ရွက်ခြင်းကြောင့် ပေါ်ပေါက်လာသော သို့မဟုတ် အကြောင်းသင့်ဆက်စပ်ဖြစ်ပေါ်လာသော လုပ်ငန်းများကိုလည်း တာဝန်ယူဆောင်ရွက်ရမည်။

၁၂။ ဗဟိုဘဏ်သည် မိမိရရန်ရှိသည့် ကြွေးမြီများအတွက် မြီစားထံမှ ရရှိသော မည်သည့်အကျိုးတူခံစားခွင့်ကိုမဆို ဖြစ်နိုင်သမျှ ဆောလျင်စွာ ထုခွဲရောင်းချရမည်။

၁၃။ ဗဟိုဘဏ်သည် အောက်ပါတို့ကို မပြုလုပ်ရ-
(က) ဤဥပဒေအရ ဗဟိုဘဏ်၏လုပ်ငန်းများနှင့် မကိုက်ညီသည့် အမြတ်ရရှိရေးကိုသာ ဦးတည်ဆောင်ရွက်သော ကုမ္ပဏီများ သို့မဟုတ် လုပ်ငန်းများ သို့မဟုတ် ဆောင်ရွက်မှုများကို ဖွဲ့စည်းလုပ်ကိုင်ခြင်း၊ ယင်းတို့တွင် အစုရှယ်ယာထည့်ဝင်ခြင်း၊
(ခ) ဤဥပဒေဖြင့် ခွင့်ပြုထားခြင်းများမှတစ်ပါး ချေးငွေအမျိုးမျိုးထုတ်ပေးခြင်း၊
(ဂ) အစိုးရ၏ ခွင့်ပြုချက်မှတစ်ပါး အဖွဲ့ဝင်များအပါအဝင် ဗဟိုဘဏ်၏ ဝန်ထမ်းများကို ချေးငွေထုတ်ပေးခြင်း။

Weighted-average (WA) Market Exchange Rate

MMK per USD - Date: 17th January 2020

Reference Exchange rate
(WA market rate)
1,465.8
Interbank Market WA rate 1,466.2
Bank-customer Market WA rate 1,465.1
  • CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.
  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၁၀%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၈%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၃%

တစ်နှစ်လျင် ၁၆%

 

Economic Indicators (%)

GDP Growth Rate
2018-2019 First 6 Months
(October to March)
6.30 %
Annual Rate of Inflation
(November 2019)
8.59 %
Year on Year Inflation
(November 2019)
8.26 %

     Source : Ministry of Planning and Finance