The Republic of the Union of Myanmar

Central Bank of Myanmar

Photo Gallery

Video Gallery

အခန်း(၁) အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရမည်။
(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကိုဆိုသည်၊
(ခ) ဝန်ကြီးဌာန ဆိုသည်မှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကိုဆိုသည်၊
(ဂ) ဗဟိုဘဏ် ဆိုသည်မှာ ဤဥပဒေအရ တည်ထောင်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကိုဆိုသည်၊
(ဃ) အဖွဲ့ ဆိုသည်မှာ ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့ကိုဆိုသည်၊
(င) ဥက္ကဋ္ဌ ဆိုသည်မှာ ဒါရိုက်တာအဖွဲ့၏ဥက္ကဋ္ဌ ကိုဆိုသည်၊
(စ) အဖွဲ့ဝင် ဆိုသည်မှာ ဒါရိုက်တာအဖွဲ့၏အဖွဲ့ဝင်ကိုဆိုသည်၊
(ဆ) ငွေရေးကြေးရေးအဖွဲ့အစည်း ဆိုသည်မှာ ငွေချေးလုပ်ငန်းများ၊ ချေးငွေနှင့်ပြည်သူ့ကြွေးမြီဆိုင်ရာ စာချုပ်စာတမ်းများ၊ ငွေချေး သက်သေခံလက်မှတ်များ သို့မဟုတ် အခြားခွင့်ပြုထားသည့် ငွေရေးကြေးရေးဆိုင်ရာ ဆောင်ရွက်ချက်များတွင် ယင်းအဖွဲ့အစည်းက ရင်းနှီးမြှုပ်နှံမှုပြုရန် ငွေရေးကြေးရေးအရင်းအမြစ်များကို အခြားပုဂ္ဂိုလ်ထံများထံမှစုစည်းလျက် ငွေကြေး သို့မဟုတ် အရင်းအနှီး ဈေး ကွက်များတွင် ကြားဝင်ပေါင်းစပ် ဆောင်ရွက်ပေးရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်အတွင်းတည်ထောင်ထားသည့် အဖွဲ့အစည်းကို ဆိုသည်၊
(ဇ) ဘဏ် ဆိုသည်မှာ အများပြည်သူထံမှ အပ်ငွေလက်ခံခြင်းနှင့် ချေးငွေထုတ်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်သော ငွေရေးကြေးရေးအဖွဲ့အစည်းကိုဆိုသည်၊
(ဈ) ငွေစက္ကူ ဆိုသည်မှာ ဗဟိုဘဏ်က ဤဥပဒေပါပြဌာန်းချက်များအရဖြစ်စေ၊ ယခင်ကဖြစ်စေ ထုတ်ထားသော တရားဝင် ငွေစက္ကူ များကို ဆိုသည်၊
(ည) ဒင်္ဂါး ဆိုသည်မှာ ဗဟိုဘဏ်က ဤဥပဒေပါ ပြဌာန်းချက်များအရဖြစ်စေ၊ ယခင်ကဖြစ်စေ ထုတ်ထားသော တရားဝင်ကျပ်ဒင်္ဂါးနှင့် တရားဝင်ငွေအကြွေကိုဆိုသည်၊
(ဋ) ရွှေ ဆိုသည်မှာ အပြည်ပြည်ဆိုင်ရာ အပေးအယူပြုလုပ်မှု၌ သတ်မှတ်အသုံးပြုသည့်စံချိန်မီ ရွှေတုံးရွှေခဲများကို ဆိုသည်၊
(ဌ) လှည့်လည်သုံးစွဲငွေဆိုသည်မှာ ဗဟိုဘဏ်လက်ဝယ်ရှိ ငွေစက္ကူနှင့်ဒင်္ဂါးများမှအပ လှည့်လည်သုံးစွဲလျက်ရှိသည့် သုံးစွဲငွေကို ဆိုသည်၊
(ဍ) နှစ် ဆိုသည်မှာ နိုင်ငံတော်၏ ဘဏ္ဍာရေးနှစ်ကိုဆိုသည်၊
(ဎ) ပုဂ္ဂိုလ် ဟူသောစကားရပ်တွင် ဥပဒေအရဖွဲ့စည်းထားသည်ဖြစ်စေ၊ မဖွဲ့စည်းထားသည်ဖြစ်စေ ကော်ပိုရေးရှင်း၊ တရားဝင်တည် ထောင်ထားသောအဖွဲ့၊ အဖွဲ့အစည်း၊ သမဝါယမအသင်း၊ အစုစပ်လုပ်ငန်းနှင့် အခြား အဖွဲ့တစ်ခုခု၊ အစည်းအရုံး၊ အသင်းအဖွဲ့ သို့မဟုတ် လူတစ်စုနှင့် လူတစ်ဦးဦးတို့ပါဝင်သည်၊
(ဏ) နိုင်ငံခြားသုံးငွေ ဟူသောစကားရပ်တွင် အောက်ပါတို့ပါဝင်သည်-
(၁) နိုင်ငံခြားသုံးငွေစက္ကူနှင့် ဒင်္ဂါးများ၊
(၂) နိုင်ငံတကာအစိုးရငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားရှိဗဟိုဘဏ်များ၊ ငွေတိုက်များနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်များတွင် ထားရှိသောအပ်ငွေများ၊
(၃) နိုင်ငံခြားအစိုးရများ၊နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရငွေရေးကြေးရေး အဖွဲ့အစည်းများမှ ထုတ်ဝေထားသည့် သို့မဟုတ် အာမခံထားသည့်နိုင်ငံခြားငွေဖြင့် ဖော်ပြထားသော ငွေချေးသက်သေခံလက်မှတ်များနှင့် စာချုပ် စာတမ်းများ၊
(၄) တစ်နိုင်ငံမှတစ်နိုင်ငံသို့ ငွေများလွှဲပြောင်းရာတွင် အသုံးပြုသည့်စာချုပ်စာတမ်းများ။

Weighted-average (WA) Market Exchange Rate

MMK per USD - Date: 17th January 2020

Reference Exchange rate
(WA market rate)
1,465.8
Interbank Market WA rate 1,466.2
Bank-customer Market WA rate 1,465.1
  • CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.
  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၁၀%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၈%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၃%

တစ်နှစ်လျင် ၁၆%

 

Economic Indicators (%)

GDP Growth Rate
2018-2019 First 6 Months
(October to March)
6.30 %
Annual Rate of Inflation
(November 2019)
8.59 %
Year on Year Inflation
(November 2019)
8.26 %

     Source : Ministry of Planning and Finance