The Republic of the Union of Myanmar

Central Bank of Myanmar

ညွှန်ကြားချက်များနှင့် အမှာစာများ

ညွှန်ကြားချက်အမှတ် (၁၉/၂၀၂၁) ထုတ်ပြန်ခြင်း

ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် တွက်ချက်မှုပုံစံ ပြင်ဆင်သတ်မှတ်ခြင်းဆိုင်ရာ ညွှန်ကြားချက် (၁၉/၂၀၂၁) ကို (၂၅.၁၁.၂၀၂၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

Read More

ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် ယာယီပြင်ဆင်လျှော့ချသတ် မှတ်သည့်ကာလ တိုးမြှင့်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် ယာယီပြင်ဆင်လျှော့ချသတ်မှတ်သည့်ကာလ တိုးမြှင့်ခြင်းညွှန်ကြားချက်အမှတ် (၁၃/၂၀၂၁) ကို (၁.၁၀.၂၀၂၁) ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

read more

ဘဏ်လိုင်စင်ကြေး၊ အခကြေးငွေနှင့် နှစ်စဉ်ကြေး ညွှန်ကြားချက် ပြင်ဆင်ခြင်း (ညွှန်ကြားချက် - ၄/၂၀၂၁)

၁။      မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၁၈၄ တွင် အပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များအရ ဘဏ်များလိုက်နာရန်အတွက် ရည်ညွှန်းပါ ဘဏ်လိုင်စင်ကြေး၊ အခကြေးငွေနှင့် နှစ်စဉ်ကြေး ညွှန်ကြားချက်အမှတ် ၂/ ၂၀၁၇ ကို ထုတ်ပြန်ခဲ့ ပါသည်။​

Read more

ငွေသားစီမံခန့်ခွဲမှုချောမွေ့အဆင်ပြေစေရေး လိုက်နာဆောင်ရွက်ရန် ကိစ္စ

၁။      မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံတော်အစိုးရ၏ ဒစ်ဂျစ်တယ်စီးပွားရေး အဆောက် အအုံသို့ အသွင်ကူးပြောင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များအား အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင် စေရန်၊ ငွေပေးချေမှုစနစ်များပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိရာ အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်းများနှင့် ဝန်ဆောင်မှုများကို ဘဏ်များနှင့် ဘဏ်မဟုတ်သည့် ငွေရေးကြေး‌ရေးအဖွဲ့အစည်းများကို ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။ အစိုးရအဖွဲ့အစည်းများနှင့် အများပြည်သူတို့မှ ငွေသားသုံးစွဲမှုကို လျှော့ချပြီး အစိုးရဌာနများ၊ လူပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းများအကြား ငွေပေးချေမှုပြုရာတွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိပါသည်။

Read more

ဘဏ်များအမြန်ဆုံးဖွင့်လှစ်နိုင်ရေးကိစ္စ

၁။      ဘဏ်များအနေဖြင့် ဘဏ်ခွဲများအပြည့်အဝ ဖွင့်လှစ်နိုင်ခြင်းမရှိသေး၍ Customer များမှ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ရယူရာတွင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း တွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးနှင့် ပြည်တွင်း/ ပြည်ပ ကုန်သွယ်မှုလုပ်ငန်းများတွင် နှောင့်နှေးကြန့်ကြာမှု အခက်အခဲများမရှိစေရေးအတွက် အဓိကမြို့ကြီးများနှင့် နယ်စပ်ကုန်သွယ်ရေး ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးမည့် ဘဏ်ခွဲအမည်၊ လိပ်စာနှင့် တာဝန်ခံပုဂ္ဂိုလ်များ၏ အမည်၊ ရာထူး၊ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ Email လိပ်စာတို့အား ပေးပို့ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရည်ညွှန်း(၁)ပါစာဖြင့် ဘဏ်များသို့ အကြောင်းကြားခဲ့ပြီးဖြစ်ပါသည်။

Read more

ငွေသားစီမံခန့်ခွဲမှုကောင်းမွန်စေရန်နှင့် Digital Payment များဖြင့် ဆောင်ရွက်ရန်ကိစ္စ

၁။      ဘဏ်များ၏ ငွေသားစီမံခန့်ခွဲမှုချောမွေ့အဆင်ပြေစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရည်ညွှန်း(၂) ပါစာဖြင့် အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။ ဘဏ်များအနေဖြင့်လက်ရှိအခြေအနေ အရ ငွေကြေးလွယ်ကူမှု နှင့် Assets and Liabilities Management ကို ထိန်းကျောင်းရာတွင် ပိုမိုအားကောင်းရန် လိုအပ်ကြောင်းတွေ့ရှိရပါသည်။ 

Read more

ဘဏ်လုပ်ငန်းများ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် အကြောင်းကြားခြင်း

၁။      မြန်မာနိုင်ငံ၌ COVID-19 စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ပြည်သူများထံ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများစဉ်ဆက်မပြတ်ဝန်ဆောင်မှုပေးနိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအားလုံးသို့ Business Continuity Plan – BCP များတင်ပြရန် ရည်ညွှန်းပါစာဖြင့် အကြောင်းကြားခဲ့ပြီး၊ သက်ဆိုင်ရာဘဏ်များကလည်း ဘဏ်အလိုက်ဆောင်ရွက်မည့် BCP အစီ အမံများတင်ပြခဲ့ပါသည်။​

Read more

ဘဏ်ခွဲများ ယာယီပိတ်ခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် အကြောင်းကြားခြင်း

၁။      မြန်မာနိုင်ငံ၌ COVID-19 ရောဂါစတင်ဖြစ်ပွားခဲ့သည့်အချိန်တွင် အချို့ဘဏ်ဝန်ထမ်း များရောဂါကူးစက်ခံရခြင်းရှိခဲ့သောကြောင့် ဘဏ်ခွဲအချို့ ယာယီပိတ်ထားခွင့် တင်ပြခြင်းများ ရှိခဲ့သဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအားလုံးသို့ ဘဏ်ခွဲများ ယာယီ ပိတ်ပါက ရည်ညွှန်းပါစာဖြင့် အောက်ပါအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရမည့် အချက် များကိုညွှန်ကြားထားရှိပြီး ဖြစ်ပါသည်-

Read more

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းပါ ပြဌာန်းသတ်မှတ်ချက်များအား လိုက်နာရန်ကိစ္စ

၁။      (၁၀-၈-၂၀၁၂) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ (၁၅-၁၂-၂၀၁၅) ရက်နေ့တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် (၃၀-၉-၂၀၁၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းပါ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကား သည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များက လိုက်နာဆောင်ရွက်ရမည့်ပြဋ္ဌာန်း၊ သတ်မှတ်ချက်များ အား AD လိုင်စင်ရဘဏ်များအနေဖြင့် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျက်ရှိကြောင်း စိစစ်တွေ့ရှိနေရပါသည်။

Read more

နိုင်ငံခြားငွေကြေးဈေးကွက်တွင် ရောင်းဈေးနှုန်းနှင့် ဝယ်ဈေးနှုန်း အကြား အများဆုံးထားရှိရမည့် ကွာဟချက် (spread) သတ်မှတ်ခြင်းကိစ္စ(ညွှန်ကြားချက် - ၅/၂၀၂၁)

၁။      နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များက သော်လည်းကောင်း၊ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် (MC) လိုင်စင်ရရှိသူများက သော်လည်းကောင်း နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားရာတွင် ရောင်းဈေးနှုန်းနှင့် ဝယ်ဈေးနှုန်း အကြား ကွာဟချက် (spread) အား ၁.၆ % ထက် မပိုစေဘဲ သတ်မှတ်ဆောင်ရွက်ရန် ညွှန်ကြား လိုက်သည်။

Read more

နိုင်ငံခြားငွေကြေးဈေးကွက်တွင် ရောင်းဈေးနှုန်းနှင့် ဝယ်ဈေးနှုန်း အကြား အများဆုံးထားရှိရမည့် ကွာဟချက် (spread) သတ်မှတ်ခြင်းကိစ္စ (ညွှန်ကြားချက် - ၈/၂၀၂၁)

၁။      နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များက သော်လည်းကောင်း၊ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် (MC) လိုင်စင်ရရှိသူများက သော်လည်းကောင်း နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားရာတွင် ရောင်းဈေးနှုန်းနှင့် ဝယ်ဈေးနှုန်း အကြား ကွာဟချက် (spread) အား ၁.၆ % ထက် မပိုစေဘဲ သတ်မှတ်ဆောင်ရွက်ရန် ရည်ညွှန်းချက်ပါ ညွှန်ကြားချက်ဖြင့် ညွှန်ကြားခဲ့ပြီးဖြစ်ပါသည်။​

Read more

COVID-19 ကာလအတွင်း ချေးငွေပေးဆပ်မှု(အရင်းနှင့်အတိုး)များ ကောက်ခံခြင်းနှင့်စပ်လျဉ်း၍ အကြောင်းကြားခြင်း (အမှာစာ-၅/၂၀၂၀)

၁။ ကူးစက်မြန် COVID-19 ရောဂါကာလအတွင်း အများပြည်သူအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများလျော့နည်း၍ စီးပွားရေးအခြေအနေ ခက်ခဲကြပ်တည်းမှုများ ရင်ဆိုင်ကြုံတွေ့နေရသဖြင့် ယင်းကာလအတွင်း ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် ချေးငွေရယူသူများထံမှ ချေးငွေအရင်းနှင့်အတိုးများကောက်ခံရာတွင် ချေးငွေရယူသူများနှင့် ညှိနှိုင်းဆောင်ရွက်ကြရန်ဖြစ်ပါသည်။

Read more

ငွေကြေးလွယ်ကူမှုအချိုးတွက်ချက်သည့်ပုံစံအား ယာယီပြင်ဆင် သတ်မှတ်သည့် ညွှန်ကြားချက်အား ထပ်မံသက်တမ်းတိုးမြှင့်ခြင်း (ညွှန်ကြားချက်-၃/၂၀၂၁)

၁။ COVID-19 နှင့်ဆက်စပ်သည့် သက်ရောက်မှုများ လျော့ပါးသက်သာစေရေးအတွက် ဘဏ်များအား ဖြေလျှော့ပေးသည့်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးလွယ်ကူမှုအချိုး တွက်ချက် ရာတွင် သက်တမ်းတစ်နှစ်ထက်ပို၍ ကျန်ရှိသော ငွေတိုက်စာချုပ်များတန်ဖိုး၏ ၅၀% ကို ထည့်သွင်း တွက်ချက်ရန် ခွင့်ပြုခဲ့ခြင်းအစား ၉၀% အထိ ထည့်သွင်းတွက်ချက်ခွင့်ပြုသည့် ယာယီပြင်ဆင် သတ်မှတ်ချက်ကို ရည်ညွှန်းချက်(၁)ပါ ညွှန်ကြားချက်ဖြင့် ၂၀-၄-၂၀၂၀ ရက်နေ့မှ ၃၀-၉-၂၀၂၀ ရက်နေ့ အထိလည်းကောင်း၊ ရည်ညွှန်းချက်(၂)ပါ ညွှန်ကြားချက်ဖြင့် ၁-၁၀-၂၀၂၀ ရက်နေ့မှ ၃၁-၃-၂၀၂၁ ရက်နေ့အထိလည်းကောင်း သက်တမ်းထပ်မံတိုးမြှင့်ပေးခဲ့ပါသည်။

Read more

​​ငွေကြေးလွယ်ကူမှုအချိုးတွက်ချက်သည့်ပုံစံအား ယာယီပြင်ဆင် သတ်မှတ်ခြင်း (ညွှန်ကြားချက်-၇/၂၀၂၁)

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ရည်ညွှန်းချက်(၁)ပါ ညွှန်ကြားချက်အမှတ်(၇/၂၀၂၀)ဖြင့် ငွေကြေးလွယ်ကူမှုအချိုးတွက်ချက်ရာတွင် သက်တမ်းတစ်နှစ်ထက်ပို၍ကျန်ရှိသော ငွေတိုက်စာချုပ် များ၏တန်ဖိုး ၅၀ % အစား ၉၀ % ထည့်သွင်းတွက်ချက်ရန်နှင့် တွက်ချက်ရမည့်ကာလကို ရည်ညွှန်းချက် (၂)ပါ ညွှန်ကြားချက်ဖြင့် ၃၀-၉-၂၀၂၁ ရက်နေ့အထိ ယာယီတိုးမြှင့်ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။

Read more

ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ရုံးပြောင်းရွှေ့ ခြင်း၊ ရုံးခွဲဖွင့်လှစ်ခြင်း၊ ပိတ်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ တင်ပြ လျှောက်ထားရန်ကိစ္စ (ညွှန်ကြားချက်-၉/၂၀၂၁)

၁။      မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ရည်ညွှန်းချက်ပါ ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများ ထူထောင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် လုပ်ငန်းဆိုင်ရာကျင့်ဝတ်များအတွက် ညွှန်ကြားချက်အား ၂၆-၁-၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။​

Read more

COVID-19 ကာလအတွင်း  ချေးငွေပေးဆပ်မှု (အရင်းနှင့်အတိုး) များ ကောက်ခံခြင်းနှင့် စပ်လျဉ်း၍ အကြောင်းကြားခြင်း(အမှာစာ-၂/၂၀၂၁)

၁။     ကူးစက်မြန် COVID-19 ရောဂါကာလအတွင်း အများပြည်သူအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများလျော့နည်း၍ စီးပွားရေးအခြေအနေ ခက်ခဲကြပ်တည်းမှုများ ရင်ဆိုင်ကြုံတွေ့ နေရသဖြင့် ယင်းကာလအတွင်း ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအနေဖြင့် ချေးငွေရယူသူများထံမှ ချေးငွေအရင်းနှင့်အတိုးများ ကောက်ခံရာတွင် ချေးငွေရယူသူများနှင့်ညှိနှိုင်း ဆောင်ရွက်ကြရန်နှင့် ချေးငွေအရင်းနှင့်အတိုးများ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုများအပေါ် ပျက်ကွက်ကြေးများ (Default Charges) ထပ်ဆောင်းကောက်ခံခြင်းကို ၃၁-၃-၂၀၂၁ ရက်နေ့အထိ မပြုလုပ်ကြရန် ရည်ညွှန်းချက်ပါ အမှာစာဖြင့် အကြောင်းကြားခဲ့ပါသည်။​

Read more

အမှာစာအမှတ်(၄/၂၀၂၁)ထုတ်ပြန်ခြင်း

ဘဏ်များအနေဖြင့် နိုင်ငံခြားသားဝန်ထမ်းများ ခန့်ထားခြင်းနှင့်စပ်လျဉ်း၍ လိုက်နာရန်ကိစ္စ အမှာစာအား ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

Read more

Cheque/ PO များလဲလှယ်ခြင်းနှင့်စပ်လျဉ်း၍ အကြောင်းကြားခြင်း

၁။      မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် MCH ချက်လက်မှတ်စာရင်းရှင်းလင်းသည့်စနစ်ကို ၂၀၂၁ ခုနှစ်၊ ဧပြီလကုန်အထိ သက်တမ်းတိုးမြှင့်ဆောင်ရွက်နိုင်ကြောင်း ရည်ညွှန်းပါစာဖြင့် အကြောင်းကြားပြီးဖြစ်ပါသည်။

Read more

ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးကိစ္စ

၁။    လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်လုပ်ငန်းများ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် အောက်ပါအတိုင်း စီစဉ်ဆောင်ရွက်ထားပါကြောင်း အကြောင်းကြားအပ်ပါသည်-

Read more

CBM-NET အသုံးပြုငွေလွှဲခနှုန်းထားသတ်မှတ်ခြင်း

၁။           မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်များမှကောက်ခံလျက်ရှိသည့် ငွေလွှဲခ နှုန်းထားများနှင့်စပ်လျဉ်း၍ ဘဏ်များနှင့်တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့ပြီး ဘဏ်များထံမှ သဘောထား မှတ်ချက်များ တောင်းခံ ခဲ့ပြီးဖြစ်ပါသည်။

Read more

Covid-19 ကာကွယ်ဆေးဝယ်ရရှိရေးရန်ပုံငွေ (Covid-19 Vaccination Fund) သို့ လှူဒါန်းငွေ အတွက် ဘဏ်ဆောင်ရွက်ခ၊ ဘဏ်ငွေလွှဲခ ကင်းလွတ်ခွင့်ပြုရန်နှင့် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ဖွင့်လှစ် ထားသည့် COVID-19 Vaccination Fund သို့ လွှဲပြောင်းပေးနိုင်ရေးကိစ္စ

၁။          အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော် တွင် ဖွင့်လှစ်ထားရှိသည့် နိုင်ငံခြားငွေ စာရင်းအမှတ် EDC 600012 နှင့် မြန်မာကျပ်ငွေ စာရင်းအမှတ် OA 013733 တို့တွင် ပါဝင်လှူဒါန်းနိုင်ပါကြောင်း အသိပေးကြေညာချက် ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်ပါသည်။

Read more

CBM-NET လုပ်ငန်းများပုံမှန်ဆောင်ရွက်ရန်ကိစ္စ

၁။           မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် Digital စီးပွားရေးအဆောက်အအုံသို့ အသွင်ကူး ပြောင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များအား အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန်နှင့် ငွေပေးချေမှုစနစ် များပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အစိုးရအဖွဲ့ အစည်းများနှင့် အများပြည်သူတို့မှ ငွေသားသုံးစွဲမှုကိုလျော့ချပြီး ၊ အစိုးရဌာနများ ၊ လူပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းများအကြား ငွေပေး ချေမှုပြုရာတွင် Digital နည်းလမ်းကို အများဆုံးအသုံးပြု၍ ဆောင်ရွက်သွားရန် တွန်းအားပေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Read more

Digital Payment ဖြင့် ရောင်းရငွေအပေါ်တွင် ငွေသားထုတ်ယူရန် တောင်းခံခြင်းအတွက် လိုက်နာ ဆောင်ရွက်ရန်ကိစ္စ

၁။      အကြောင်းအရာပါကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေပေးချေရာတွင် A/C Transfer၊ Digital Payment များဖြင့် ပိုမိုပေးချေရေးကို ဘဏ်များမှ Target ထားဆောင်ရွက်ရန်နှင့် ဘဏ်နှင့် ဆက်သွယ်သူ Merchants များ၏ Digital Payment (Pay / Wallet / Cards / Account Transfer) များပေါ်တွင် တစ်လအတွင်း ရောင်းချမှုပမာဏ၏ (အများဆုံး) ၅၀ ရာခိုင်နှုန်းအထိသာ ငွေသား ထုတ်ယူခွင့်ကို (၁)လလျှင် (၂)ကြိမ် (သို့မဟုတ်) (၃)ကြိမ်ခန့်ထိ စိစစ်ခွင့်ပြုရန် ရည်ညွှန်းချက်ပါစာဖြင့် လမ်းညွှန်ထားပြီးဖြစ်ပါသည်။ သို့ဖြစ်၍ Digital Payment ဖြင့် လက်ခံရောင်းချထားသည့်ငွေပမာဏ၏ အများဆုံး ၅၀ ရာခိုင်နှုန်းကို တောင်းခံရာတွင် ဘဏ်များနှင့် Merchants များ မှ အောက်ပါအတိုင်း ဆောင်ရွက်သွားရန်ဖြစ်သည် -

Read more

CBM-NET II Go Live 2 စတင်အသုံးပြုနိုင်ကြောင်းအကြောင်းကြားခြင်းကိစ္စ

၁။        မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဘဏ်များအကြား ချိတ်ဆက်ဆောင်ရွက်လျက်ရှိ သည့် CBM-NET II ၏ Go Live 2 အတွက် System Migration ပြုလုပ်ခြင်းကို အောင်မြင်ချောမွေ့စွာ ဆောင်ရွက်ပြီးစီး ပြီဖြစ်ပါသဖြင့် ဘဏ်များအနေဖြင့် ၂၀၂၁ ခုနှစ် ၊ မေလ (၃၁) ရက်နေ့ မှစတင်၍ Go Live II အနေဖြင့် ပူးတွဲပါ Business များကို System Release ပြုလုပ်ပြီးဖြစ် ကြောင်းအကြောင်းကြားပါသည်။

Read more

ညွှန်ကြားချက်အမှတ် (၃/၂၀၁၈) အား ပြင်ဆင်ခြင်းကိစ္စ

ရည်ညွှန်းပါစာဖြင့် ထုတ်ပြန်ခဲ့သည့် USD/MMK CURRENCY SWAP Facility ဆိုင်ရာ  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အမှတ် (၃/၂၀၁၈) တွင် ဖော်ပြပါ အပိုဒ်ခွဲ (ဆ) နှင့် (ဋ) တို့အား အောက်ပါ အတိုင်း ဖြည့်စွက်ပြင်ဆင်လိုက်သည်-  

Read more

ငွေသားစီမံခန့်ခွဲမှုချောမွေ့အဆင်ပြေစေရေးလိုက်နာဆောင်ရွက်ရန်ကိစ္စ

၁။      မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များနှင့်ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့ အစည်းများအနေဖြင့် ငွေသားစီမံခန့်ခွဲမှုပိုမိုကောင်းမွန်စေရန်အတွက် ယာယီလိုက်နာဆောင် ရွက်သွားရန်ကိစ္စရပ်များကို ရည်ညွှန်း (၁) ပါစာဖြင့်လည်းကောင်း ၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူများအနေဖြင့် ငွေသားစီမံခန့်ခွဲမှုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ယာယီလိုက်နာဆောင်ရွက်သွားရန်ကိစ္စရပ်များကို ရည်ညွှန်း (၂) ပါစာဖြင့်လည်းကောင်း အကြောင်းကြားခဲ့ပါသည်။

Read more

လုပ်ငန်းဆောင်ရွက်နိုင်မှုကန့်သတ်ပမာဏ ပြင်ဆင်သတ်မှတ်ခြင်း

၁။ အများပြည်သူအနေဖြင့် ငွေပေးချေမှုပြုရာတွင် ငွေသားကိုင်တွယ်သုံးစွဲမှု လျှော့ချနိုင်ပြီး၊ အီလက်ထရောနစ်နည်းလမ်းဖြင့် ပိုမိုပေးချေဆောင်ရွက်နိုင်ရန်အတွက် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်မှု တစ်နေ့တာပမာဏတိုးမြှင့်ခြင်းနှင့် တစ်လအတွက် ပမာဏအမြင့်ဆုံးစာရင်း လက်ကျန်ကန့်သတ်ချက်ပယ်ဖျက်ခြင်းတို့ကို ရည်ညွှန်း (၁) ၊ (၂) ပါ စာများဖြင့် အကြောင်းကြားခဲ့ပါသည်။

Read more

ဘဏ်အချင်းချင်း ချက်လက်မှတ်စာရင်းရှင်းလင်းခြင်းအား ပုံမှန်ဆောင်ရွက်ရန်ကိစ္စ

၁။           မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေသားလည်ပတ်စီးဆင်းမှုရှိစေရန်နှင့် ငွေပေးချေမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်စေရန် ကြိုးပမ်းလျက်ရှိရာ Covid-19 ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေနှင့် လတ်တလောဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကြောင့် ဘဏ်များ အကြား Physical Cheque/PO များ လဲလှယ်မှုမပြုနိုင်မီအတွင်း ဘဏ်အချင်းချင်းကြား ချက်လက်မှတ်စာရင်းရှင်းလင်းနိုင်ရန် ဆောင်ရွက်မည့်ပုံစံတို့ကို ရည်ညွှန်း(၁)ပါစာဖြင့်လည်းကောင်း၊ သတ်မှတ်နေရာတွင် ဘဏ်များမှ Cheque/PO များ လဲလှယ်နိုင်ကြောင်းကို ရည်ညွှန်း(၂)ပါစာ ဖြင့်လည်းကောင်း အကြောင်းကြားခဲ့ပါသည်။

Read more

CBM-NET System အသုံးပြုခြင်းကိစ္စ

၁။               မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဘဏ်များအကြား ဆောင်ရွက်လျက်ရှိသည့် CBM-NET System အသုံးပြု၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်များသို့ နေ့စဉ်ငွေသွင်း/ငွေထုတ် ဆိုင်ရာ ကိစ္စရပ်များ ၊ Cheque/PO ဖြင့် စာရင်းရှင်းလင်းခြင်းကိစ္စရပ်များကိုလည်း အချိန်နှင့် တပြေးညီ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။

Read more

CBM-NET II Go Live 1 စတင် အသုံးပြုနိုင်ကြောင်း အကြောင်းကြားခြင်းကိစ္စ

     မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဘဏ်များအကြား လက်ရှိချိတ်ဆက်ဆောင်ရွက်လျက် ရှိသည့် CBM-NET I System မှ အဆင့်မြှင့်ထားသည့် CBM-NET II သို့ System Migration ပြုလုပ်ခြင်းကို ဘဏ်များအားလုံးမှ အောင်မြင်ချောမွေ့စွာ ဆောင်ရွက်ပြီးစီးပြီဖြစ်ပါသဖြင့် ဘဏ်များအနေဖြင့် CBM-NET II ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့မှစတင်၍ ရည်ညွှန်းပါစာဖြင့် အကြောင်းကြားထားသည့် Function များအတိုင်း အသုံးပြုဆောင်ရွက်နိုင်ကြောင်း အသိပေး အကြောင်းကြားပါသည်။

Read more

ညွှန်ကြားချက်အမှတ် ၆/၂၀၂၁ ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံး သီးသန့် ငွေလိုအပ်ချက် ထပ်မံလျှော့ချသတ်မှတ်ခြင်း ညွှန်ကြားချက်အမှတ် (၆/၂၀၂၁) ကို (၇-၅-၂၀၂၁) ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

Read more

 

ညွှန်ကြားချက်အမှတ် ၂/၂၀၂၁ ထုတ်ပြန်ခြင်း

 ဘဏ်များက မြန်မာကျပ်ငွေဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ကို ဘဏ်နှင့် ဆက်သွယ်သူများ (Customers) အပ်ငွေစုစုပေါင်း၏ (၃.၅) ရာခိုင်နှုန်းသို့ ယာယီပြင်ဆင်သတ်မှတ်သည့်ကာလ တိုးမြှင့်ခြင်းဆိုင်ရာ  ညွှန်ကြားချက်အမှတ် (၂/၂၀၂၁)အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

Read more

 

ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၆-၁-၂၀၂၁ ရက်နေ့တွင် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများ ထူထောင်ခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် လုပ်ငန်းဆိုင်ရာကျင့်ဝတ်များ အတွက် ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်သည်

 

Read more

ညွှန်ကြားချက်အမှတ် (၁၁/၂၀၂၀) ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေကြေးလွယ်ကူမှုအချိုးတွက်ချက်သည့်ပုံစံအား ယာယီပြင်ဆင်သတ်မှတ်သည့် ညွှန်ကြားချက်အား သက်တမ်းတိုးမြှင့်ခြင်းဆိုင်ရာ ညွှန်ကြားချက်အမှတ် (၁၁/၂၀၂၀)ကို ၂၃-၉-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် (၁၀/၂၀၂၀) ထုတ်ပြန်ခြင်း

ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် (Minimum Reserve Requirement) ယာယီပြင်ဆင်သတ်မှတ်သည့်ကာလ တိုးမြှင့်ခြင်းဆိုင်ရာ ညွှန်ကြားချက်အမှတ် (၁၀/၂၀၂၀) အား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၂) ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။

ဆက်လက်ဖတ်ရန်

အမှာစာအမှတ်(၃/၂၀၂၀)ထုတ်ပြန်ခြင်း

 မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း(Non-Bank Financial Institution-NBFI) များက ချေးငွေများအပေါ် အတိုးတွက်ချက်ရာ၌ လိုက်နာရမည့်အခြေခံမူများအား သတ်မှတ်ခြင်းဆိုင်ရာ အမှာစာကို ၉-၇-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် ( ၈/၂၀၂၀ ) ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုလျင်မြန်စွာ အထောက်အကူပြုစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏အတိုးနှုန်း (Bank Rate) ကို တစ်နှစ်လျှင် (၈.၅) ရာခိုင်နှုန်းမှ (၁.၅) ရာခိုင်နှုန်း ထပ်မံလျှော့ချ၍ (၇.၀) ရာခိုင်နှုန်းသို့ ပြောင်းလဲပြင်ဆင်သတ်မှတ်သည့် ညွှန်ကြားချက်ကို (၂၇.၄.၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် ( ၇/၂၀၂၀ ) ထုတ်ပြန်ခြင်း

ငွေကြေးလွယ်ကူမှုအချိုးတွက်ချက်သည့်ပုံစံအား ပြင်ဆင်သတ်မှတ်သည့် ညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၉-၄-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် (၆/၂၀၂၀) ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံး သီးသန့်ငွေလိုအပ်ချက် (Minimum Reserve Requirement) ယာယီပြင်ဆင်သတ်မှတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်အမှတ် (၆/၂၀၂၀) အား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာလိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် (၄/၂၀၂၀) ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုလျင်မြန်စွာ အထောက်အကူပြုစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏အတိုးနှုန်း (Bank Rate) ကို တစ်နှစ်လျှင် (၉.၅) ရာခိုင်နှုန်းမှ (၁.၀) ရာခိုင်နှုန်း ထပ်မံလျှော့ချ၍ (၈.၅) ရာခိုင်နှုန်းသို့ ပြောင်းလဲပြင်ဆင်သတ်မှတ်သည့် ညွှန်ကြားချက်ကို (၂၄.၃.၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် (၂/၂၀၂၀) ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိရောက်မြန်ဆန်စွာ အကျိုးသက်ရောက်မှု ရရှိနိုင်စေရန်အတွက် ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) ၏ အကျိုးသက်ရောက်မည့်ရက်ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့အစား ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၆ ရက်နေ့အဖြစ် ပြင်ဆင်သတ်မှတ်သည့် ညွှန်ကြားချက်အမှတ် (၂/၂၀၂၀) ကို (၁၃-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် (၁/၂၀၂၀) ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏အတိုးနှုန်း (Bank Rate) ကို တစ်နှစ်လျှင် (၁၀) ရာခိုင်နှုန်းမှ (၉.၅) ရာခိုင်နှုန်းသို့ ပြောင်းလဲပြင်ဆင်သတ်မှတ်သည့် ညွှန်ကြားချက်ကို (၁၂.၃.၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်-

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် (၁၄/၂၀၁၉) ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များက အကြွေးဝယ်ကတ် (Credit Card) ဖြင့် ဝန်ဆောင်မှုပေးသည့် ချေးငွေပမာဏအပေါ် ကောက်ခံနိုင်သည့် အမြင့်ဆုံးအတိုးနှုန်းကို တစ်နှစ် လျှင် ၂၀ ရာခိုင်နှုန်း သတ်မှတ်လိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် (၁၂/၂၀၁၉) ထုတ်ပြန်ခြင်း

အဓိကကျသည့် အကျိုးစီးပွားရယူခြင်းဆိုင်ရာညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၅-၃-၂၀၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် (၁၁/၂၀၁၉) ထုတ်ပြန်ခြင်း

ဆက်နွှယ်သူများဆိုင်ရာညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၅-၃-၂၀၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် (၁၀/၂၀၁၉) ထုတ်ပြန်ခြင်း

ဘဏ်၏ ပြင်ပစာရင်းစစ်များဆိုင်ရာညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၅-၃-၂၀၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် (၉/၂၀၁၉) ထုတ်ပြန်ခြင်း

ဘဏ်၏ဒါရိုက်တာများဆိုင်ရာညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၅-၃-၂၀၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် (၈/၂၀၁၉) ထုတ်ပြန်ခြင်း

သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ချက်များအတွက် ညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၅-၃-၂၀၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် (၃/၂၀၁၉) ထုတ်ပြန်ခြင်း

ပြန်လည်ရရှိရန် ဦးစားပေးအဆင့်တွင်မရှိသည့် ကြွေးမြီများဆိုင်ရာ ညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၄-၁-၂၀၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ထုတ်ပြန်ခြင်း

ပြည်တွင်းဘဏ်များအား စုစုပေါင်းချေးငွေ (Total Loan Portfolio) ၏ ၅% ကို သက်တမ်း (၃) နှစ်ထက်ပိုသည့် အိမ်ရာချေးငွေ (Housing Loan) များ ထုတ်ချေးခွင့်ပြုခြင်းညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၁၅-၁-၂၀၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် (၁/၂၀၁၉) ထုတ်ပြန်ခြင်း

ဘဏ်များမှ ထုတ်ချေးသော ချေးငွေများအပေါ် ဘဏ်များမှ တောင်းခံနိုင်သည့် အတိုးနှုန်းများ (Lending Rates) ပြင်ဆင်သတ်မှတ်ခြင်း ညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၁၅-၁-၂၀၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် (၆/၂၀၁၈) ထုတ်ပြန်ခြင်း

နိုင်ငံခြားဘဏ် ဘဏ်ခွဲများအား ပြည်တွင်းစီးပွားရေးလုပ်ငန်းများ(Local Corporate) အတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ တိုးချဲ့ခွင့်ပြုခြင်း ညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၈-၁၁-၂၀၁၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် (၂/၂၀၁၈) ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၇-၇-၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၁၇)ဖြင့် ထုတ်ပြန်ခဲ့သည့် ပမာဏကြီးမားသောကြွေးမြီများဆိုင်ရာစည်းမျဉ်းအရ ပမာဏကြီးမားသောကြွေးမြီများကို ကာလသတ်မှတ်ချက် ချေးငွေသက်တမ်းသုံးနှစ်အတွင်း လျှော့ချမည့်အစီအစဉ်အား တင်ပြရမည့်ရက်ကို ပြင်ဆင်သတ်မှတ်သည့် ညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၈-၁-၂၀၁၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် (၁/၂၀၁၈) ထုတ်ပြန်ခြင်း

၂၄-၁၁-၂၀၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ် (၇/၂၀၁၇)၏ အပိုဒ် ၃(စ)(၁)အား ပြင်ဆင်သည့် ညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၈-၁-၂၀၁၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် (၁၀/၂၀၁၇)ထုတ်ပြန်ခြင်း

ငွေကြေးလွယ်ကူမှုအချိုး တွက်ချက်သည့်ပုံစံအား ပြင်ဆင်သတ်မှတ်သည့် ညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၈-၁၂-၂၀၁၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် (၉/၂၀၁၇)ထုတ်ပြန်ခြင်း

နိုင်ငံခြားဘဏ် ဘဏ်ခွဲများအား ပြည်တွင်းပို့ကုန်လုပ်ငန်း ဆောင်ရွက်သူများအတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ခွင့်ပြုမည့် ညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၈-၁၂-၂၀၁၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် (၈/၂၀၁၇) ထုတ်ပြန်ခြင်း

မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာစည်းမျဉ်း အပိုဒ် ၁၇(ဂ) အား ပြင်ဆင်သည့် ညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၃၀-၁၁-၂၀၁၇ ရက်နေ့ တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

ညွှန်ကြားချက်အမှတ် (၇/၂၀၁၇) ထုတ်ပြန်ခြင်း

ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၇-၇-၂၀၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ရရန်ပိုင်ခွင့်များ အမျိုးအစားသတ်မှတ်ခြင်းနှင့် လျာထားခြင်းဆိုင်ရာစည်းမျဉ်းအား အကောင်အထည်ဖော်ရေးဆိုင်ရာ ညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၄-၁၁-၂၀၁၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

Directive for all banks on the implementation of the Asset Classification and Provisioning Regulation

The Central Bank of Myanmar has issued the follow-up Directive (Directive No. 7/2017) on Asset Classification and Provisioning Regulation on November 24, 2017. The detailed Directive can be accessed here.

Read more

ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းညွှန်ကြားချက်(၂၁/၂၀၁၅) ထုတ်ပြန်ခြင်း

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ (ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၁/၂၀၁၄) ပုဒ်မ ၆၉(ဂ) နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ(ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၆/၂၀၁၃) ပုဒ်မ ၄၀ တွင် အပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များအရ ဘဏ်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများသို့ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်သူအပေါ် အလေးထားစိစစ်ခြင်းညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂-၁၀-၂၀၁၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

Directive for the CDD Measures

Directive No. (21/2015)

October 2, 2015

In exercising the power set out in the Section 69(c) of the Anti-Money Laundering Law (Pyi Htaung Su Hluttaw Law No 11/2014) and Section 40 of the Central Bank of Myanmar Law (Pyi Htaung Su Hluttaw Law No.16/2013), the Central Bank of Myanmar issues the Directive on Customer Due Diligence related to the Anti-money Laundering and Counter Financing of Terrorism to the banks and financial institutions licensed and supervised by the CBM.

Read more

မိုဘိုင်းဘဏ်လုပ်ငန်းဆိုင်ရာညွှန်ကြားချက်(၄/၂၀၁၃)ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၂၅ (ဏ) နှင့် ၉၁(ခ) တို့အရ မိုဘိုင်းဘဏ်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

အီလက်ထရောနစ်ကတ်ဖြင့်ပေးချေမှုဆိုင်ရာ ညွှန်ကြားချက်(၂/၂၀၁၂) ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၂ ပုဒ်မခွဲ(ခ)အရလည်းကောင်း၊ မြန်မာနိုင်ငံတော်ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ ပုဒ်မ ၂၅ ပုဒ်မခွဲ(ဏ) အရလည်းကောင်း လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများသည်အီလက်ထရောနစ်ကတ် လုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာရန်အတွက် အီလက်ထရောနစ်ကတ်ဖြင့်ပေးချေမှုဆိုင်ရာ ညွှန်ကြားချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၉-၇-၂၀၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဆက်လက်ဖတ်ရန်

 

MMK per USD - Date 2nd December 2021

Reference Exchange Rate

1785.0

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၇%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၅%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၀%

တစ်နှစ်လျင် ၁၄.၅%

 

Economic Indicators (%)

GDP Growth Rate
2019-2020 FY
3.20 %
Annual Rate of Inflation
(February 2021)
2.61 %
Year on Year Inflation
(February 2021)
1.51 %

    Source :

    Ministry of Planning, Finance and Industry