The Republic of the Union of Myanmar

Central Bank of Myanmar

Photo Gallery

Video Gallery

အာရှဗဟိုဘဏ်များငွေစာရင်းရှင်းလင်းရေးအဖွဲ့

နိဒါန်း

(www.asianclearingunion.org)

အာရှဗဟိုဘဏ်များ ငွေစာရင်းရှင်းလင်းရေးအဖွဲ့ကို အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူမှုရေးကော်မရှင်အဖွဲ့၏ ကမကထပြုမှုဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အိန္ဒိယ၊ အီရန်၊ နီပေါ၊ ပါကစ္စတန်နှင့် သီရိလင်္ကာနိုင်ငံတို့၏ ဗဟိုဘဏ်အကြီးအကဲများက လက်မှတ်ရေးထိုးခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် သဘောတူညီချက်ကို ဆဌမမြောက်နှင့် သတ္တမြောက် လက်မှတ်ရေးထိုးသူများ ဖြစ်ပါသည်။ ဘူတန်နိုင်ငံသည် ၁၉၉၉ ခုနှစ်တွင်လည်းကောင်း၊ မော်လဒိုက်နိုင်ငံသည် ၂၀၀၉ ခုနှစ်တွင်လည်းကောင်း၊ သဘောတူ စာချုပ်ကို အသီးသီးလက်မှတ်ရေးထိုးခဲ့ပါသည်။ ယခုအခါ အဖွဲ့ဝင်(၉)နိုင်ငံရှိပြီး၊ ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ အီရန်၊မော်လဒိုက်၊ မြန်မာ၊ နီပေါ၊ ပါကစ္စတန်နှင့် သီရိလင်္ကာနိုင်ငံတို့ ဖြစ်ကြသည်။

အာရှဗဟိုဘဏ်များငွေစာရင်းရှင်းလင်းရေးအဖွဲ့သည် လုပ်ငန်းများကို ၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလတွင် စတင် ဆောင်ရွက်ခဲ့ပြီး၊ ရုံးချုပ်မှာ အီရန်နိုင်ငံ၊ တီဟီရန်မြို့၌ တည်ရှိပါသည်။မြန်မာနိုင်ငံသည် အေစီယူသို့ ၁၉၇၇ ခုနှစ်၊ ဇန်န၀ါရီလ(၁၃)ရက်နေ့တွင် စတင်ဝင်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ဥက္ကဌနှင့်ဒုတိယဥက္ကဌတို့သည် အေစီယူဒါရိုက်တာအဖွဲ့၏ ဒါရိုက်တာနှင့်အလှည့်ကျ ဒါရိုက်တာများဖြစ်ကြပြီး၊ စာရင်းဌာန၊ ညွှန်ကြားရေးမှူးသည် အေစီယူ၏ တာဝန်ခံအရာရှိအဖြစ် ဆောင်ရွက်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်း ၀ယ်ရေးဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ကို ငွေပေးချေမှုများ ချောမောလွယ်ကူစေရန် ဆက်သွယ်ဆောင်ရွက်ပေးသည့် ဘဏ်များအဖြစ် သတ်မှတ်ထားပါသည်။

ရည်ရွယ်ချက်

အေစီယူကို တည်ထောင်ခြင်း၏ ရည်ရွယ်ချက်များမှာ အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံတကာငွေပေးချေမှုများတွင် ချောမောလွယ်ကူနိုင်ရန်၊ အဖွဲ့ဝင်နိုင်ငံများ၏ ငွေကြေးသုံးစွဲမှုကို အထောက်အကူပြုရန်၊ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြား သုံးငွေသီးသန့်ငွေများကို ခြိုးခြံချွေတာနိုင်ရန်၊ အဖွဲ့ဝင်နိုင်ငံများအကြား ငွေကြေးပူးပေါင်းဆောင်ရွက်မှု ( Monetary Cooperation ) နှင့် ကုန်သွယ်မှုများ တိုးတက်မြင့်မားလာစေရန်၊ အဖွဲ့ဝင်များအကြား ငွေကြေးအပြန် အလှန်အကူ အညီပေးရေးအစီအစဉ် ( Currency SWAP Arrangement ) များ စီစဉ်ပေးခြင်းဖြင့် အဖွဲ့ဝင်များအား အခိုက်အတန့် နိုင်ငံခြားသုံးငွေအဆင် ပြေစေရန်တို့ ဖြစ်ပါသည်။

အသုံးပြုသည့်ငွေကြေး

အေစီယူအဖွဲ့၏ စာရင်းရှင်းလင်းရေးကိစ္စရပ်များတွင် ယခင်က အာရှငွေကြေးယူနစ် ( Asian Monetary Unit – AMU ) ကို အသုံးပြုသည်။ (၁-၁-၁၉၉၆)မှစ၍ အေအမ်ယူ တစ်ယူနစ်တန်ဖိုးအား အေစီယူဒေါ်လာ အဖြစ်ပြောင်းလဲပြီး၊ အေစီယူတစ်ဒေါ်လာတန်ဘိုးသည် အမေရိကန်ဒေါ်လာတန်ဖိုး ( 1 ACU Dollar = 1 US Dollar ) နှင့်ညီမျှသည်ဟု သတ်မှတ်ထားရှိပါသည်။ (၁-၁-၂၀၀၉)မှစ၍ အေစီယူအား အမေရိကန်ဒေါ်လာ(၁)ဒေါ်လာနှင့် ညီမျှသည့် အေစီယူဒေါ်လာနှင့် ယူရို(၁)ယူရိုတန်ဖိုး နှင့်ညီမျှသည့် အေစီယူ ယူရိုတို့ဖြင့် သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။

စာရင်းရှင်းလင်းခြင်း

(က) စာရင်းရှင်းကာလကို (၂)လလျှင်တစ်ကြိမ် သတ်မှတ်ပြီး၊ အသားတင်နှင့် ရရန်ရှိအတိုးများကို စာရင်း ရှင်းလင်းပါသည်။
(ခ) အေစီယူအထွေထွေအတွင်းရေးမှူးချုပ်မှ စာရင်းရှင်းကာလတစ်ခုစီအဆုံးတွင် ရရန်၊ပေးရန်ရှိသည့် ငွေများ၊ ရရန်ရှိအတိုးအပါအ၀င် အသားတင်အခြေအနေများကို အဖွဲ့ဝင်တစ်နိုင်စီသို့ အကြောင်း ကြားပါ သည်။
(ဂ) မြီစားနိုင်ငံသည် အေစီယူအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးချေရန် အကြောင်းကြားစာရရှိပြီး နောက် အလုပ်လုပ်ရက် (၄)ရက်အတွင်း ပေးချေမှုများ ပြုလုပ်ရပါသည်။
(ဃ) အဖွဲ့ဝင်နိုင်ငံများ၏ စာရင်းရှင်းလင်းမှုများကို အေစီယူစနစ်မှတဆင့် အေစီယူစနစ်မှတဆင့် အေစီယူ ဒေါ်လာနှင့် အေစီယူ ယူရိုများဖြင့် ပေးချေပါသည်။
(င) ငွေပေးချေမှုများကို မြီရှင်နိုင်ငံများမှ လက်ခံသော ငွေကြေးဖြင့် ပေးချေရပါသည်။
(စ) ၂၀၀၃ ခုနှစ်၊ ဩဂုတ်လကုန်မှစ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အေစီယူအဖွဲ့ဝင်ဗဟို ဘဏ်များနှင့် ယူရိုငွေကြေးဖြင့် စာရင်းရှင်းလင်းဆောင်ရွက်လျှက်ရှိပါသည်။

အဖွဲ့ဝင်နိုင်ငံအချင်းချင်းအပြန်အလှန်ငွေချေးယူရေးအစီအစဉ် ( Swap Arrangement )

အဖွဲ့ဝင်နိုင်ငံအချင်းချင်းအပြန်အလှန်ငွေချေးယူရေးအစီအစဉ်အရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် စာရင်းရှင်း ကာလကုန်ဆုံးသည့်အခါ၌ လိုငွေပြနေပါက ယင်းငွေကြေးအစီအစဉ်အရ ငွေချေးနိုင်ခွင့်ရှိပါသည်။ ချေးယူငွေပေါ်တွင် အတိုးနှုန်း ကို ယင်းအစီအစဉ်အရ လန်ဒန်မြို့ရှိ ဘဏ်အချင်းချင်းပေးသော အတိုးနှုန်းဖြင့် ပေးချေရမည်ဖြစ်သဖြင့် အတိုးနှုန်း သက်သာမှုရရှိပါသည်။ အေစီယူစည်းမျဉ်းအရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံသည် အောက်ပါအချက်များနှင့် ညီညွတ်မှုရှိလျှင် ငွေချေးယူခွင့်ရှိပါသည်-

(က) စာရင်းရှင်းလင်းသည့်ကာလကုန်ဆုံးသည့်အခါ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံသည် လိုငွေပြနေပါက ယင်း ငွေကြေးအစီအစဉ်( Swap Arrangement ) ကို အသုံးပြုခွင့်ရှိပါသည်။
(ခ) ယင်းငွေကြေးအစီအစဉ်ကို အသုံးပြုခွင့်ရှိသော အဖွဲ့ဝင်နိုင်ငံသည် လွန်ခဲ့သော ပြက္ခဒိန်နှစ်(၃)နှစ် အတွင်း အခြားအဖွဲ့ဝင်နိုင်ငံများသို့ အေစီယူ စာရင်းရှင်းလင်းရေးအရ ပျှမ်းမျှပေးချေမှု စုစုပေါင်း (၂၀%) အထိ ရယူအသုံးပြုခွင့်ရှိပါသည်။
(ဂ) အတိုးနှုန်းကို လန်ဒန်ဘဏ်များအသင်း ( The British Bankers' Association ) မှ ရရှိထားသော London Interbank Medium Average Rate ( LIMEAN ) နှုန်းအတိုင်း ပေးချေရပါမည်။
(ဃ) ငွေချေးခွင့်ရသောနိုင်ငံသည် တစ်ကြိမ်လျှင်(၂)လအထိ သုံးစွဲခွင့်ရှိပါသည်။

အေစီယူဒါရိုက်တာအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးများကျင်းပခြင်း

အေစီယူဒါရိုက်တာအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးများကို အဖွဲ့ဝင်နိုင်ငံများတွင် အလှည့်ကျကျင်းပလေ့ရှိပါ သည်။ မြန်မာနိုင်ငံသည် အိမ်ရှင်နိုင်ငံအဖြစ် ၁၉၈၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၄)ရက်နှင့် (၅)ရက်နေ့များတွင် (၈)ကြိမ်မြောက် အေစီယူဒါရိုက်တာအဖွဲ့ အစည်းအဝေးကို ရန်ကုန်မြို့၌လည်းကောင်း၊ ၁၉၈၇ ခုနှစ်၊ ဧပြီလ (၂၁)ရက်နှင့် (၂၂)ရက်များတွင် (၁၅)ကြိမ်မြောက် အေစီယူဒါရိုက်တာအဖွဲ့ အစည်းအဝေးကို ရန်ကုန်မြို့၌လည်းကောင်း၊ ၁၉၉၄ ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်နှင့် (၂၆)ရက်နေ့များတွင် (၂၄)ကြိမ်မြောက် အေစီယူ ဒါရိုက်တာအဖွဲ့အစည်းအဝေးကို ရန်ကုန်မြို့၌လည်းကောင်း၊ ၂၀၀၁ ခုနှစ်၊ မေလ(၂၈)ရက်နှင့် (၂၉)ရက်နေ့များတွင် (၃၀)ကြိမ်မြောက် အေစီယူဒါရိုက်တာအဖွဲ့ကို ရန်ကုန်မြို့တွင် လည်းကောင်း၊ ၂၀၀၈ ခုနှစ်၊ ဇွန်လ (၁၆)ရက်နှင့် (၁၇)ရက်နေ့များတွင် (၃၇)ကြိမ်မြောက် အေစီယူဒါရိုက်တာအဖွဲ့ အစည်း အဝေးကို နေပြည်တော်၌လည်းကောင်း၊ လက်ခံကျင်းပခဲ့ပါသည်။

အဖွဲ့ဝင်နိုင်ငံအချင်းချင်းကုန်သွယ်မှု

မြန်မာနိုင်ငံအနေဖြင့်အေစီယူအဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့သောကုန်ပစ္စည်းများမှာ ပဲမျိုးစုံ၊ ကျွန်းသစ်၊ အထပ်သား၊ မြေပဲ၊ ဂျင်း၊ ရာဘာနှင့် အခြားလူသုံးကုန်ပစ္စည်းများ ဖြစ်ပါသည်။ အေစီယူအဖွဲ့ဝင်နိုင်ငံများမှ တင်သွင်းသော ပစ္စည်းများမှာ စက်ဘီးများ၊ ကားနှင့်ဆက်စပ်ပစ္စည်းများ၊ ဆေးမျိုးစုံနှင့် အခြားလူသုံးကုန်ပစ္စည်းများ ဖြစ်ပါသည်။

Weighted-average (WA) Market Exchange Rate

MMK per USD - Date: 21st August 2019

Reference Exchange rate
(WA market rate)
1,522.7
Interbank Market WA rate 1,523.2
Bank-customer Market WA rate 1,522
  • CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.
  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၁၀%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၈%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၃%

တစ်နှစ်လျင် ၁၆%

 

Economic Indicators (%)
GDP Growth 6.50 %
Annual Rate of Inflation 8.08 %
Year on Year Inflation 9.51 %

     Source : Ministry of Planning and Finance