The Republic of the Union of Myanmar

Central Bank of Myanmar

အာဆီယံ၊ အာဆီယံ+၃ နိုင်ငံများနှင့် ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု

ဒေသတွင်း စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသဆိုင်ရာ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုတိုးမြှင့်နိုင်စေရန်အတွက် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)အား ၁၉၆၇ ခုနှစ်၊ သြဂုတ်လတွင် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံမှ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လတွင် အဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်ခဲ့ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်ကြပါသည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့သို့ စတင်ဝင်ရောက်သည့်နေ့ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လတွင် အာဆီယံဝန်ဆောင်မှုဆိုင်ရာ သဘောတူညီချက်မူဘောင်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။ ယင်းသဘောတူညီချက်မူဘောင်၏ အဓိက ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရန်၊
(ခ) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်ပတ်သက်၍ ကန့်သတ်တားမြစ်ချက်များကို ပယ်ဖျက်ပေးရန်၊
(ဂ) ဝန်ဆောင်မှုကုန်သွယ်ရေးကို လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုရန်။

အာဆီယံဝန်ဆောင်မှုဆိုင်ရာ သဘောတူညီချက်မူဘောင် အကောင်အထည်ဖော်ရေး ကိစ္စရပ်များကို အာဆီယံစီးပွားရေး ဝန်ကြီးများလုပ်ငန်းစဉ်အောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂၀၁၃ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သော ၉ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် အာဆီယံစီးပွားရေးအသိုက်အဝန်းကို ၂၀၂၀ ခုနှစ်တွင် တည်ထောင်ရန် သဘောတူညီခဲ့ပြီး၊ ၂၀၀၇ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပခဲ့သော ၁၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှ အာဆီယံစီးပွားရေးအသိုက်အဝန်းကို အရှိန်အဟုန်မြှင့်၍ ၂၀၂၀ ခုနှစ် အစား ၂၀၁၅ ခုနှစ်သို့ ရှေ့တိုးအကောင်အထည်ဖော်ဆောင်ရွက်ရန် အာဆီယံခေါင်းဆောင်ကြီးများက သဘောတူညီခဲ့ကြပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အာဆီယံနှင့် အာဆီယံ+၃ ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းစဉ်များတွင် စဉ်ဆက်မပြတ်ပါဝင် ဆောင်ရွက်လျက်ရှိပြီး၊ သက်ဆိုင်ရာအလှည့်ကျ အဖွဲ့ဝင်နိုင်ငံများတွင် အက္ခရာစဉ်အလိုက် ကျင်းပလေ့ရှိသည့် အာဆီယံအစည်းအဝေးများသို့လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အာဆီယံဗဟိုဘဏ်အကြီးအကဲများ အစည်းအဝေး၊ အာဆီယံဗဟိုဘဏ် ဒုတိယအကြီးအကဲများအစည်းအဝေးနှင့် အခြားလုပ်ငန်းအစည်းအဝေးများဖြစ်သည့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ လွတ်လပ်ခွင့်ပြုရေး၊ ငွေလုံးငွေရင်းစာရင်း လွတ်လပ်ခွင့်ပြုရေး၊ အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး၊ အာဆီယံအခြေခံအဆောက်အအုံရန်ပုံငွေ တည်ထောင်ရေး၊ အာဆီယံငွေပေးချေမှုနှင့် ငွေစာရင်းရှင်းလင်းရေးစနစ်များ၊ ဇင်းမယ်အစီအစဉ်တွင် နိုင်ငံစုံပါဝင်လာရေး၊ အာရှငွေချေးစာချုပ်ဈေးကွက် အကောင်အထည်ဖော်မှုအစီအစဉ်နှင့် ချေးငွေအာမခံနှင့် ရင်းနှီးမြှုုပ်နှံမှုအစီအစဉ်စသည့် လုပ်ငန်းအဖွဲ့အစည်းအဝေးများကိုလည်း တက်ရောက်လျက်ရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အာဆီယံဘဏ္ဍာရေး ဝန်ကြီးများအစည်းအဝေး၊ အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေး၊ အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေးနှင့် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ အထူးအစည်းအဝေးများတွင် ပါဝင်တက်ရောက်လျက်ရှိပါသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၂ ခုနှစ်၌ ၆ ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများ အစည်းအဝေးအား ရန်ကုန်မြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။

ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ လွတ်လပ်ခွင့်ပြုရေးလုပ်ငန်းကော်မတီအစည်းအဝေး၊ ငွေလုံးငွေရင်းစာရင်း လွတ်လပ်ခွင့်ပြုရေး လုပ်ငန်းကော်မတီအစည်းအဝေးများကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ(၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ငွေရေးကြေးရေး ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး၊ ငွေလုံးငွေရင်းစာရင်းလွတ်လပ်ခွင့်ပြုရေး လုပ်ငန်းကော်မတီအစည်းအဝေးနှင့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများလုပ်ငန်း ကော်မတီအစည်းအဝေးများအား ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။ ထို့အပြင် အာဆီယံ+၃ လုပ်ငန်းအဖွဲ့အစည်းအဝေးများကိုလည်း ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်နေ့မှ၊ မတ်လ(၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။ (၂၂)ကြိမ်မြောက် အာဆီယံ ဗဟိုဘဏ်ဒုတိယအကြီးအကဲများ အစည်းအဝေးနှင့် အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများ ပုံမှန်နှင့် အလွတ်သဘော အစည်းအဝေးများကိုလည်း ၂၀၁၄ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှ (၃)ရက်နေ့အထိ မြန်မာနိုင်ငံ၊ နေပြည်တော်တွင် လက်ခံကျင်းပသွားမည်ဖြစ်သည့်အပြင် (၁၀)ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဌများ အစည်းအဝေးနှင့် (၁၈)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများ အစည်းအဝေးများကိုလည်း ၂၀၁၄ ခုနှစ်၊ ဧပြီလ(၄)ရက်နေ့မှ (၅)ရက်နေ့အထိ မြန်မာနိုင်ငံ၊ နေပြည်တော်တွင် လက်ခံကျင်းပသွားမည်ဖြစ်ပါသည်။

Weighted-average (WA) Market Exchange Rate

MMK per USD - Date 25th September 2020

Reference Exchange rate
(WA market rate)
1,309.4
Interbank Market WA rate 1,309.3
Bank-customer Market WA rate

1,309.5

  • CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.
  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၇%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၅%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၀%

တစ်နှစ်လျင် ၁၄.၅%

 

Economic Indicators (%)

GDP Growth Rate
2018-2019 FY
(October to September)
6.80 %
Annual Rate of Inflation
(June 2020)
7.91 %
Year on Year Inflation
(June 2020)
4.16 %

     Source : Ministry of Planning and Finance