မြန်မာနိုင်ငံဘဏ်များ ကြီးကြပ်ရေးကော်မတီမှ ကြီးမှှုးဖွင့်လှစ်သည့် အထွေထွေ ဘဏ်လုပ်ငန်းသင်တန်း (ရန်ကုန်) (General Banking Course) အမှတ်စဉ် (၂၀) ဖွင့်ပွဲအခမ်းအနားအား ရန်ကုန်မြို့နယ်၊ မြန်မာနိုင်ငံဘဏ်များအသင်း အဆောက်အဦး ဇမ္ဗူရစ်ရွှေစင်ခန်းမ၌ (၉-၇-၂၀၁၂)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ဘဏ်များကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှုး ဦးမောင်မောင်ဝင်း ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်)က အမှာစကားပြောကြားပါသည်။
အဆိုပါအခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဆိုင်ရာအကြီးအကဲများ၊ ဘဏ်များကြီးကြပ်ရေးကော်မတီဝင်များ၊ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်း သား/သင်တန်းသူ (၅၂)ဦးတို့ တက်ရောက်ကြပါသည်။
ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းမှ ယခုသင်တန်းကာလ (၃)လ အတွင်း သင်ယူခွင့်ရရှိသော စာတွေ့၊ လက်တွေ့ဗဟုသုတများကို သင်တန်းသားများ အနေဖြင့် မိမိတို့၏လုပ်ငန်းခွင်အတွင်း လက်တွေ့ပြန်လည်အသုံးချနိုင်မှာဖြစ်သည့် အတွက် အကျိုးရှိသောသင်တန်းတစ်ခုဖြစ်ပါကြောင်း။ ဘဏ်များအတွက် Capacity Building ကို မြှင့်တင်ပေးခြင်းဖြစ်သောကြောင့် ကြိုးကြိုးစားစား လေ့လာဆည်းပူးကြ စေလိုပါကြောင်း။ နိုင်ငံတော်အစိုးရမှ (Reform Strategy)အား အရှိန်အဟုန်ဖြင့် တိုး မြှင့်ဆောင်ရွက်လျက်ရှိရာ ငွေကြေးမူဝါဒနှင့် ဘဏ်လုပ်ငန်းကဏ္ဍတို့ကိုလည်း ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရာမှာဖြစ်ပါကြောင်း ဗဟိုဘဏ်အနေဖြင့် ဘဏ်အတိုးနှုန်း များကို အခါအားလျှော်စွာ ပြင်ဆင်သက်မှတ်ပေးခဲ့ပြီး နိုင်ငံခြား ငွေလဲလှယ်နှုန်း ပေါင်း စည်းရေးဆောင်ရွက်ခဲ့ရာ Manged Floating Exchange Rate System ကို ၂၀၁၂ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် စတင်ကျင့်သုံးခဲ့သောကြောင့် ပြင်ပဈေးကွက်နှင့် ဈေးနှုန်းကွာခြားမှု မရှိတော့ပါကြောင်း။
အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး (Daiwa Research Institute and Tokyo Stock Exchange of Japan) နှင့် မေလ (၂၉)ရက်နေ့တွင် နားလည်စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် (ASEAN Economic Community)၏ ၂၀၁၅ ခုနှစ် ရည်မှန်းချက်ပြည့်မှီရေးအတွက် ဘဏ်လုပ် ငန်းနှင့်ငွေရေးကြေးရေးမှလည်း ကတိကဝတ်ပြုထားမှုများနှင့်အညီ ဆက်လက်လုပ် ဆောင်ရမည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံအတွင်း နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးခွဲပေါင်း (၂၀)ခု ကိုလည်း ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး မကြာမီ နိုင်ငံခြားဘဏ်များကို ပြည်တွင်းဘဏ်များနှင့် ဖက်စပ်ဘဏ် များ (Joint Venture Banks) တည်ထောင်ဖွင့်လှစ်ခွင့်ပြုသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း။ ဘဏ်လုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် နှင့် နိုင်ငံတကာအဆင့်မီ ဘဏ်လုပ်ငန်းကဏ္ဍအား တက်လှမ်းနိုင်ရေး လုပ်ဆောင်သွား ကြရန် အကျယ်တစ်ဝင့် မှာကြားခဲ့ပါသည်။