The Republic of the Union of Myanmar

Central Bank of Myanmar

Photo Gallery

Video Gallery

အခန်း(၇) အစိုးရနှင့် ဆက်ဆံရေး

၄၈။ ဗဟိုဘဏ်သည် အစိုးရ၏အပ်ငွေများကို လက်ခံပြီး အစိုးရ၏ကိုယ်စား ယင်းငွေစာရင်းများမှ ငွေပေးချေမှုများ ပြုလုပ် ပေးရမည်။ ဗဟိုဘဏ်သည် အဆိုပါအပ်ငွေများလက်ခံရန်နှင့် ဗဟိုဘဏ်ကသတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ယင်းငွေပေးချေမှုများပြုလုပ်ရန် အခြားဘဏ်တစ်ခုကို တာဝန်လွှဲအပ်နိုင်သည်။

၄၉။ ဗဟိုဘဏ်သည် အောက်ဖော်ပြပါ စည်းကမ်းချက်များနှင့်အညီ အစိုးရသို့ ချေးငွေအမျိုးမျိုး ထုတ်ချေးနိုင်သည်-
(က) ဗဟိုဘဏ်သည် အစိုးရသို့ယာယီချေးငွေများ ထုတ်ချေးနိုင်သည်။ ချေးငွေတစ်မျိုးချင်းအတွက် စည်းကမ်း ချက်များကို ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့သည် အခါအားလျော်စွာ ညှိနှိုင်းသတ်မှတ်ရမည်၊
(ခ) ယင်းချေးငွေများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးကဗဟိုဘဏ်သို့ ထုတ်ပေးထားသည့် အတိုးပေးသော အစိုးရငွေချေးသက်သေခံလက်မှတ်များဖြင့် အာမခံရမည်။ အများဆုံးသက်တမ်း ၁၈၄ ရက် ရှိသော အဆိုပါငွေချေးသက်သေခံလက်မှတ်များသည် လွှဲပြောင်းနိုင်ခွင့်ရှိသော လက်မှတ်များ ဖြစ်ရမည်၊
(ဂ) မည်သည့်နှစ်အတွင်းမဆို ထုတ်ချေးထားသော ချေးငွေစုစုပေါင်းသည် အစိုးရ၏ယမန်နှစ်အတွင်း ရငွေများ၏ ၂၀ ရာခိုင်နှုန်းထက် မကျော်လွန်စေရ၊
(ဃ) ပုဒ်မခွဲ(က)၊ (ခ)နှင့် (ဂ) တို့တွင် မည်သို့ပင်ပါရှိစေကာမူ ဗဟိုဘဏ်သည် နိုင်ငံတကာအစိုးရအဖွဲ့အစည်း တစ်ခုခုတွင် နိုင်ငံတော်ကအဖွဲ့ဝင်အဖြစ်ပါဝင်ခြင်း၊ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း

သည့်ဆောင်ရွက်မှုများ၊ အပေးအယူပြုလုပ်မှုများကြောင့် ဖြစ်ပေါ်လာသော သို့မဟုတ် အကြောင်းသင့် ဆက်စပ်ဖြစ်ပေါ်လာသော ထည့်ဝင်ကြေးငွေများနှင့် အခြားပေးငွေများအတွက် အစိုးရသို့သဘောတူထား သည့် စည်းကမ်းချက်များနှင့်အညီ ချေးငွေများထပ်မံထုတ်ပေးနိုင်သည်၊
(င) ပုဒ်မခွဲ(ခ)တွင် မည်သို့ပင်ပါရှိစေကာမူ ဗဟိုဘဏ်သည် ၃၆၅ ရက်မကျော်လွန်မီ အချိန်စေ့ရောက်မည့် အစိုးရငွေချေးသက်သေခံလက်မှတ်များကို ဝယ်ယူရန်၊ လက်ဝယ်ထားရှိရန် သို့မဟုတ် ရောင်းချရန် သဘောတူနိုင်သည်။

၅၀။ ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် အများပြည်သူတို့ထံမှ အစိုးရငွေချေးသက်သေခံလက်မှတ်များ ဝယ်ယူရန်နှင့် ယင်းတို့အား ရောင်းချရန် သဘောတူနိုင်သည်။

၅၁။ ပုဒ်မ ၄၉ အရ ဗဟိုဘဏ်ကထုတ်ချေးထားသော ချေးငွေအမျိုးမျိုး၏ လက်ကျန်စုစုပေါင်းနှင့် ပုဒ်မ ၅၀ အရ ဝယ်ယူထားသော ဗဟိုဘဏ်၏လက်ဝယ်ရှိ ငွေချေးသက်သေခံလက်မှတ်များ၏ တန်ဖိုးနှစ်ရပ်ပေါင်းသည်။ နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေငွေစာရင်းနှင့်စပ်လျဉ်း၍ ညှိနှိုင်းသဘောတူထားသည့် ငွေပမာဏထက်မည်သည့်အခါမှ မကျော်လွန်စေရ။ ကျော်လွန်မည့် အလားအလာရှိသည်ဟု ဗဟိုဘဏ်ကယူဆသည့်အခါ ဗဟိုဘဏ်သည် မိမိ၏ချေးငွေအမျိုးမျိုး လက်ကျန် စုစုပေါင်းနှင့် လက်ဝယ်ရှိငွေချေးသက်သေခံလက်မှတ်များ၏ တန်ဖိုးနှင့် ယင်းသို့ကန့်သတ်ချက်ကို ကျော်လွန်စေနိုင်သည့် အကြောင်းအချက်များကို သင့်လျော်သောကုစားမှုပြုရန် အဆိုပြုချက်များနှင့်တကွ အစီရင်ခံစာကို အစိုးရထံသို့တင်ပြရမည်။ ပုံမှန်အခြေအနေရရှိပြီဟု ယူဆသည့်အချိန်အထိ ဗဟိုဘဏ်သည် အဆိုပြုချက်နှင့် အစီရင်ခံစာများကို တစ်ကြိမ်လျှင် ၆ လ ထက်မကျော်လွန်စေဘဲ ဆက်လက်အစီရင်ခံတင်ပြရမည်။

၅၂။ ဗဟိုဘဏ်သည် လေ့လာသုံးသပ်ရန်လိုအပ်သော ငွေရေးကြေးရေးနှင့် စီးပွားရေးဆိုင်ရာ သတင်းအချက်အလက် များနှင့် စာရွက်စာတမ်းများရရှိနိုင်ခွင့်ရှိရမည်။ ဗဟိုဘဏ်သည် အစိုးရကတောင်းခံလာ၍ဖြစ်စေ၊ မိမိသဘောအလျောက်ဖြစ်စေ၊ မိမိ၏လေ့လာသုံးသပ်ချက်များကို အစိုးရထံ တင်ပြအစီရင်ခံရမည်။

၅၃။ ဗဟိုဘဏ်သည် လာမည့်နှစ်အတွင်း အစိုးရသို့ထုတ်ပေးနိုင်မည့် ချေးငွေကန့်သတ်ချက်ကို သတ်မှတ်ရန်အလို့ငှာ နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲရာ၌ အစိုးရအား ကူညီဆောင်ရွက်ရမည်။

၅၄။ ဗဟိုဘဏ်သည် မိမိ၏အဓိကရည်မှန်းချက်နှင့်အညီ ရည်ရွယ်ချက်များထမြောက်အောင်မြင်စေရန်အလို့ငှာ လိုအပ်သော မူဝါဒများကို အစိုးရထံထောက်ခံတင်ပြနိုင်ရန်နှင့် ငွေကြေးနှင့်ချေးငွေပမာဏများ ပြောင်းလဲတိုးတက်မှုအခြေအနေကို ကြည့်ရှု စိစစ်ရန် ဗဟိုဘဏ်တွင်တာဝန်ရှိစေရမည်။

၅၅။ အစိုးရ ငွေချေးသက်သေခံလက်မှတ်အပ်ဥပဒေအရလည်းကောင်း၊ နှစ်စဉ်ပြဌာန်းသည့် နိုင်ငံတော်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအရလည်းကောင်၊ ငွေချေးသက်သေခံလက်မှတ်အမျိုးမျိုး ထုတ်ရန်နှင့် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲရန် လုပ်ငန်းများကို ဝန်ကြီးဌာနက ဗဟိုဘဏ်သို့လွဲှအပ်နိုင်သည်။ ယင်းသို့လွဲှအပ်ရာတွင် ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်တို့ သဘောတူညီသည့် စည်းကမ်းချက်များနှင့်အညီ ဖြစ်ရမည်။

၅၆။ ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် အများပြည်သူသို့ရောင်းချမည့်အစိုးရ၏ ကြွေးမြီဆိုင်ရာ စာချုပ်စာတမ်းများနှင့်စပ်လျဉ်း၍ အစိုးရထံအကြံပေးရမည်။

Weighted-average (WA) Market Exchange Rate

MMK per USD - Date: 8th July 2020

Reference Exchange rate
(WA market rate)
1,366.7
Interbank Market WA rate 1,366.6
Bank-customer Market WA rate

1,366.8

  • CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.
  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၇%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၅%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၀%

တစ်နှစ်လျင် ၁၄.၅%

 

Economic Indicators (%)

GDP Growth Rate
2018-2019 FY
(October to September)
6.80 %
Annual Rate of Inflation
(May 2020)
8.35 %
Year on Year Inflation
(May 2020)
4.21 %

     Source : Ministry of Planning and Finance