The Republic of the Union of Myanmar

Central Bank of Myanmar

အခန်း(၄) မတည်ငွေရင်းနှင့်အမြတ်ခွဲဝေမှု

၁၄။ နိုင်ငံတော်သည် ဗဟိုဘဏ်၏တစ်ဦးတည်းသော အစုရှယ်ယာပိုင်ရှင်ဖြစ်ရမည်။ ဗဟိုဘဏ်၏ခွင့်ပြုမတည်ငွေရင်းသည် ကျပ်သန်းပေါင်း ငါးရာဖြစ်သည်။ ယင်းအနက် ငွေကျပ်သန်းပေါင်းနှစ်ရာကို နိုင်ငံတော်က ထည့်ဝင်ပြီးဖြစ်ရမည်။ ကျန်ရှိသော ခွင့်ပြုမတည်ငွေရင်းကို နိုင်ငံတော်က လိုအပ်သလိုထည့်ဝင်နိုင်သည်။

၁၅။ ဗဟိုဘဏ်၏ ခွင့်ပြုမတည်ငွေရင်းနှင့် ထည့်ဝင်ပြီးမတည်ငွေရင်းတို့ကို အစိုးရ၏ခွင့်ပြုချက်ဖြင့် တိုးမြှင့်နိုင်သည်။ မတည်ငွေရင်းများကို လျှော့ချခြင်းမပြုရ။

၁၆။ ဗဟိုဘဏ်၏ ရရန်ပိုင်ခွင့်များတန်ဖိုးသည် ပေးရန်တာဝန်များတန်ဖိုးနှင့် ထည့်ဝင်ပြီးမတည်ငွေရင်းနှစ်ရပ်ပေါင်းထက် လျော့နည်းသည့်အခါ ဗဟိုဘဏ်က အဆိုပြု၍ အစိုးရကခွင့်ပြုသည့်အတိုင်း ဤအခြေအနေကို ကုစားရန်လိုအပ်သော ငွေပမာဏအလိုက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးသည် အစိုးရငွေချေးသက်သေခံလက်မှတ်များကို ဗဟိုဘဏ်သို့ လွှဲပြောင်းပေးရမည်။

၁၇။ ဗဟိုဘဏ်၏နှစ်အလိုက် အသားတင်အမြတ်ငွေတွက်ချက်ရာတွင် နှစ်အတွက်လုပ်ငန်းဆောင်ရွက်မှု အသုံးစရိတ် များကိုထုတ်နှုတ်ပြီးနောက် ရလမ်းမရှိသောနှင့် ရရန်မသေချာသောကြွေးမြီများ၊ ရရန်ပိုင်ခွင့်များအတွက် တန်ဖိုးလျှော့ခြင်း၊ ဝန်ထမ်းများ၏သက်သာချောင်ချိရေးနှင့် အငြိမ်းစားရန်ပုံငွေများအတွက် လျာထားပြီးတွက်ချက်ရမည်။ ဗဟိုဘဏ်သည် လိုအပ်သည်ဟုယူဆသော အခြားကိစ္စရပ်များအတွက် လျာထားချက်များကို အစိုးရ၏ခွင့်ပြုချက်ဖြင့် ပြုလုပ်နိုင်သည်။

၁၈။ ဗဟိုဘဏ်သည်နိုင်ငံတော်၏ ကနဦးထည့်ဝင်ငွေ ကျပ်သန်းပေါင်း ငါးဆယ်ဖြင့် အထွေထွေသီးသန့်ငွေကို တည်ထောင်ရမည်။ နှစ်စဉ် နှစ်ကုန်ဆုံးသည့်အခါ အသားတင်အမြတ်ငွေ၏ နှစ်ဆယ့်ငါးရာခိုင်နှုန်းနှင့်ညီမျှသောငွေပမာဏကို ကျပ်သန်းဂဏန်းအလီလီဖြင့် ဗဟိုဘဏ်၏ထည့်ဝင်ပြီးမတည်ငွေရင်း၏ ၁၀၀ ရာခိုင်နှုန်းနှင့် ညီမျှသည်အထိ အထွေထွေသီးသန့် ငွေသို့ ခွဲဝေပေးသွင်းရမည်။ အစိုးရ၏ခွင့်ပြုချက်ဖြင့် အထွေထွေသီးသန့်ငွေသို့ လွှဲပြောင်းသောငွေပမာဏကို နှစ်စဉ်သတ်မှတ်ရာခိုင်နှုန်းထက်ကျော်လွန်၍ တိုးမြှင့်နိုင်သည် သို့မဟုတ် အထွေထွေသီးသန့်ငွေ၏ စုစုပေါင်းငွေကို ဗဟိုဘဏ်၏ ထည့်ဝင်ပြီးမတည်ငွေရင်းထက် ကျော်လွန်၍ တိုးမြှင့်နိုင်သည်။

၁၉။ ပုဒ်မ ၁၈ အရ အထွေထွေသီးသန့်ငွေသို့ လွဲှပြောင်းပေးသွင်းပြီးနောက် အသားတင်အမြတ်ငွေမှ ကျန်ရှိငွေကို ပုဒ်မ ၁၆ အရ ထုတ်ပေးထားပြီး ဗဟိုဘဏ်ကကိုင်ဆောင်သော အစိုးရငွေချေးသက်သေခံလက်မှတ်များကို ရွေးယူရန်အသုံးပြုရမည်။

၂၀။ ပုဒ်မ ၁၈ နှင့်ပုဒ်မ ၁၉ တို့အရ ခုနှိမ်မှုအားလုံးပြုလုပ်ပြီးနောက် ကျန်ရှိသောအသားတင်အမြတ်လက်ကျန်ငွေကို ကျပ်သန်းဂဏန်းအလီလီဖြင့် နှစ်ကုန်ဆုံးပြီးနောက်အစိုးရသို့ ဆောလျင်စွာပေးအပ်ရမည်။

၂၁။ ခုနှိမ်မှု သို့မဟုတ် ပေးချေမှု စသည်များပြုလုပ်ခြင်းအားဖြင့် ဗဟိုဘဏ်၏ရရန်ပိုင်ခွင့်သည် ပေးရန်တာဝန်များနှင့် ပေးသွင်းပြီးမတည်ငွေရင်းနှစ်ရပ်ပေါင်းထက် လျော့နည်းလိမ့်မည်ဟု ဗဟိုဘဏ်က ယူဆပါက ပုဒ်မ ၁၈နှင့် ပုဒ်မ ၁၉ တို့ဖြင့် ခွင့်ပြုထားသောခုနှိမ်မှုကိုသော်လည်းကောင်း၊ ပုဒ်မ ၂၀ အရ ပေးချေမှုတစ်စုံတစ်ရာကိုသော်လည်းကောင်း မပြုလုပ်ရ။

၂၂။ ဝင်ငွေအပေါ် ကောက်ခံသည့်အခွန်များ၊ တံဆိပ်ခေါင်းခွန်များ သို့မဟုတ် အလားတူအခွန်များနှင့် ဘဏ်လုပ်ငန်း ဆောင်ရွက်မှုများအပေါ် အခွန်စည်းကြပ်မှုများမှ ဗဟိုဘဏ်သည် ကင်းလွတ်ခွင့်ရရှိစေရမည်။

၂၃။ (က) ဗဟိုဘဏ်၏စာရင်းများကို စာရင်းစစ်ချုပ်က စစ်ဆေးရမည်၊
(ခ) ဗဟိုဘဏ်သည် နှစ်စဉ် နှစ်ကုန်ဆုံးတိုင်း နှစ်ချုပ်ငွေစာရင်းရှင်းတမ်းများကို ရေးဆွဲရမည်။ ဗဟိုဘဏ်သည် စာရင်းစစ်ချုပ်က မှန်ကန်ကြောင်းလက်မှတ်ရေးထိုးသည့် အရံှုးအမြတ်စာရင်းနှင့်လက်ကျန်ရှင်းတမ်း တို့နှင့်အတူ နှစ်ချုပ်အစီရင်ခံစာကို ဝန်ကြီးဌာနမှတစ်ဆင့် အစိုးရထံနှစ်ကုန်ဆုံးပြီးနောက် ၆ လအတွင်း တင်ပြရမည်၊
(ဂ) ပုဒ်မခွဲ (ခ) အရတင်ပြပြီးနောက် ဗဟိုဘဏ်သည် နှစ်ချုပ်အစီရင်ခံစာကို အများသိရှိစေရန် ဝန်ကြီးဌာနက သတ်မှတ်သည့်နည်းလမ်းအတိုင်း ထုတ်ပြန်ကြေညာရမည်။

MMK per USD - Date 3rd December 2021

Reference Exchange Rate (CBM Auction Rate)

1780.0

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၇%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၅%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၀%

တစ်နှစ်လျင် ၁၄.၅%

 

Economic Indicators (%)

GDP Growth Rate
2019-2020 FY
3.20 %
Annual Rate of Inflation
(February 2021)
2.61 %
Year on Year Inflation
(February 2021)
1.51 %

    Source :

    Ministry of Planning, Finance and Industry