၈၄။ မည်သူမျှ ဗဟိုဘဏ်၏ခွင့်ပြုချက်မရရှိဘဲ မမှန်ကန်သောရည်ရွယ်ချက်ဖြင့် အောက်ပါတို့ကိုမပြုရ-
(က) ငွေစက္ကူ သို့မဟုတ် ဒင်္ဂါးတစ်ခုခုကိုဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ပုံသဏ္ဌာန်ပျက်ယွင်းအောင်ပြုလုပ်ခြင်း၊
(ခ) ငွေစက္ကူတစ်ခုခုကို အလွန်အကျွံအသွင်သဏ္ဍ္ဌာန် ပျက်ယွင်းစေခြင်း။
၈၅။ ဗဟိုဘဏ်၏အဖွဲ့ဝင် သို့မဟုတ် ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်သည် မိမိ၏တာဝန်ဝတ္တရားများကို ဆောင်ရွက် ရာမှသိရှိလာသည့် ပုဂ္ဂိုလ်တစ်ဦးဦး၏အပေးအယူပြုလုပ်မှုများ၊ မည်သူမည်ဝါဖြစ်ကြောင်း၊ ဝင်ငွေပမာဏ သို့မဟုတ် ဝင်ငွေရလမ်း၊ အမြတ်များ၊ အရှုံးများ သို့မဟုတ် အသုံးစရိတ်များနှင့်ဆက်စပ်သည့် သတင်းအချက်အလက်များကို ဥပဒေအရခွင့်ပြုချက်မရှိဘဲ ထုတ်ဖော်ပြောဆိုခြင်း၊ ကြည့်ရှုစေခြင်း၊ စစ်ဆေးစေခြင်း သို့မဟုတ် ကြေညာခြင်းမပြုရ။
၈၆။ မည်သူမျှ ငွေစက္ကူများ၊ ဒင်္ဂါးများ သို့မဟုတ် ဗဟိုဘဏ်ကထုတ်ဝေသော တောင်းဆိုသည့်အခါ ကိုင်ဆောင်သူသို့ ပေးချေရမည်ဖြစ်သော စာချုပ်စာတမ်းတစ်မျိုးမျိုးကို ထုတ်ဝေခြင်း သို့မဟုတ် အတုပြုလုပ်ခြင်း သို့မဟုတ် အတုကိုပြည်ပမှ တင်သွင်းလာခြင်းမပြုရ။