The Republic of the Union of Myanmar

Central Bank of Myanmar

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအား ဧည့်အဖွဲ့များလာရောက်တွေ့ဆုံခြင်း

         ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းအား IMF Mission မှ Executive Director, Mr. Chia Der Jiun သည် ၂၈-၅-၂ဝ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ငွေရေးကြေးရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် IMF အဖွဲ့အစည်းမှ ပူးပေါင်း ဆောင်ရွက်ရန် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

            အလားတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအား International University of Japan (IUJ)မှ ပါမောက္ခ ဒေါက်တာအောင်မျိုးနှင့် အဖွဲ့သည် ၂၈-၅-၂ဝ၁၂ ရက်နေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ၌ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတွက် ကျွမ်းကျင်မှုအကူအညီပေးရန် ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

            ထို့အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအား Daiwa  Institute of Research Ltd. President,   Mr. Takashi Fukai နှင့်အဖွဲ့သည် ၂၈-၅-၂ဝ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် လာရောက်တွေ့ဆုံပြီး Daiwa Institute of Research Ltd. အနေဖြင့် မြန်မာနိုင်ငံ၌ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ပါဝင်ဆောင် ရွက်ရန် ကိစ္စများကို ဆွေးနွေးကြသည်။

            အဆိုပါ တွေ့ဆုံပွဲများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် ဌာနကြီးမှူးများ တက်ရောက်ခဲ့ ကြသည်။

MMK per USD - Date 3rd December 2021

Reference Exchange Rate (CBM Auction Rate)

1780.0

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၇%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၅%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၀%

တစ်နှစ်လျင် ၁၄.၅%

 

Economic Indicators (%)

GDP Growth Rate
2019-2020 FY
3.20 %
Annual Rate of Inflation
(February 2021)
2.61 %
Year on Year Inflation
(February 2021)
1.51 %

    Source :

    Ministry of Planning, Finance and Industry