The Republic of the Union of Myanmar

Central Bank of Myanmar

နိုင်ငံခြားသုံးငွေစည်းမျဉ်းသတ်မှတ်ချက် အက်ဥပဒေ

(၁) နိုင်ငံခြားသုံးငွေစည်းမျဉ်းသတ်မှတ်ချက်အက်ဥပဒေအရ နိုင်ငံခြားသုံးငွေအုပ်ချုပ်ရေးမှူး ( Controller of Foreign Exchange ) ၏ ကြိုတင်ခွင့်ပြု ချက်မရှိဘဲ မြန်မာနိုင်ငံအတွင်းနေထိုင်သူ မည်သူမဆို ပြည်တွင်းတွင် ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ မည်သူနှင့်မျှ နိုင်ငံခြားသုံးငွေဝယ်ယူခြင်း၊ ရောင်းချ ခြင်း၊ ချေးယူခြင်း၊ ခေတ္တပေးခြင်း၊ လွှဲပြောင်းခြင်းနှင့် လဲလှယ်ခြင်းမပြုလုပ်ရ။
(၂) မည်သူမဆို နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ရာတွင် ဗဟိုဘဏ်မှ သတ်မှတ်ထားသော နိုင်ငံခြားငွေ လဲလှယ်နှုန်းများ ကိုသာ အသုံးပြုရမည်။
(၃) နိုင်ငံခြားသုံးငွေအုပ်ချုပ်ရေးမှူးက ခွင့်ပြုလိုက်သော နိုင်ငံခြားသုံးငွေကိုသုံးစွဲရန် အကြောင်းကိစ္စအတွက် သာ လျှင်သုံးစွဲရမည်။ ထိုသို့သုံးစွဲခြင်း မပြုနိုင်ပါက ရယူထားသော နိုင်ငံခြားငွေကို လိုင်စင်ရဘဏ်သို့ ပြန်လည် ပေးအပ်ရောင်းချရမည်။
(၄) နိုင်ငံခြားသုံးငွေအုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်မရရှိဘဲ၊ မည်သူမဆို မြန်မာပြည်အတွင်းမည်သည့် ရွှေ နှင့် မြန်မာကျပ်ငွေ (သို့မဟုတ်) နိုင်ငံခြားငွေကြေး များကို ပြည်ပမှ ယူဆောင်လာခြင်း၊ တင်သွင်းခြင်း မပြုလုပ်ရ။
(၅) နိုင်ငံခြားသုံးငွေအုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်မရရှိဘဲ၊ မည်သူမဆို မြန်မာပြည်မှ မည်သည့် ရွှေ၊ အဘိုးတန် ကျောက်မျက်ရတနာ လက်ဝတ်လက်စားနှင့် မြန်မာကျပ်ငွေ (သို့မဟုတ်) နိုင်ငံခြားငွေကို ပြည်ပသို့ ယူဆောင်သွားခြင်း၊ ထုတ်ယူပေးခြင်း မပြုလုပ်ရ။
(၆) မည်သူမဆို နိုင်ငံခြားသုံးငွေအုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်မရရှိဘဲ၊ အာမခံစာချုပ်များကို ပြည်ပသို့ ယူဆောင်ခြင်း၊ ပေးပို့ခြင်း (သို့မဟုတ်) အာမခံစာ ချုပ်များကို ပြည်ပတွင်နေထိုင်သူ တစ်ဦးဦးအား မည်သို့မျှလွှဲပြောင်းပေးပို့ခြင်းမျိုး မပြုလုပ်ရ။
(၇) မြန်မာနိုင်ငံတွင်နေထိုင်သူ မည်သူမဆို (TRUST) ဖွဲ့စည်း၍ ပြည်ပတွင်နေထိုင်သူ တစ်ဦးဦးအား ငွေများ၊ အာမခံစာချုပ်များ၊ ပစ္စည်းများ (TRUST) များကို လွှဲပြောင်းပေးခြင်း မပြုရ။
(၈) မြန်မာနိုင်ငံတွင်နေထိုင်သူ မည်သူမဆို နိုင်ငံခြားသုံးငွေအုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်မရရှိဘဲ ပြည်ပတွင် နေထိုင်သူများက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ၍ ဖြစ်စေ အုပ်ချုပ်ထားသော ကုမ္ပဏီများအား ငွေချေးငှားခြင်း မပြုလုပ်ရ။
(၉) ဤဥပဒေပါပုဒ်မတစ်ခုခုကို ချိုးဖောက်သူ မည်သူမဆိုအား ထောင်ဒဏ် (၃) နှစ် အထိ ကျခံစေနိုင်သည့် အပြင်၊ ငွေဒဏ်ကိုပါ တပ်ရိုက်စေနိုင်ပါသည်။

MMK per USD - Date 2nd December 2021

Reference Exchange Rate

1785.0

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၇%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၅%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၀%

တစ်နှစ်လျင် ၁၄.၅%

 

Economic Indicators (%)

GDP Growth Rate
2019-2020 FY
3.20 %
Annual Rate of Inflation
(February 2021)
2.61 %
Year on Year Inflation
(February 2021)
1.51 %

    Source :

    Ministry of Planning, Finance and Industry