The Republic of the Union of Myanmar

Central Bank of Myanmar

ငွေစက္ကူသမိုင်း

                        မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ-၈(က)အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေစက္ကူများ (သို့မဟုတ်)ဒင်္ဂါးများဖြစ်သော ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ရပါသည်။ ထိရောက်သော ငွေပေးချေမှုစနစ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် မြန်မာကျပ်ငွေတန်ဖိုး တည်တံ့ခိုင်မြဲစေရန်အတွက် ငွေကြေးမူဝါဒ များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

                        မြန်မာနိုင်ငံသည် ဗြိတိသျှထံမှ လွတ်လပ်ရေးမရမီ အိန္ဒိယလက်အောက်ခံပြည်နယ်တစ်ခု ဖြစ်ခဲ့သည်။ ထိုအချိန်တွင် မြန်မာငွေကြေးအဖြစ် ရူပီးကိုအသုံးပြုခဲ့ပါသည်။ မြန်မာနှင့် အိန္ဒိယနိုင်ငံသုံး ရူပီးငွေသည် စတာလင်ပေါင်နှင့် ချိတ်ဆက်ထားပြီး တစ်သျှီလင် ခြောက်ပဲနိဖြင့် တန်ဖိုးသတ်မှတ်ထားပါသည်။

                        ၁၉၄၆ခုနှစ် ငွေကြေးနှင့် ငွေအကြွေအက်ဥပဒေ ပထမအစီအစဉ်အရ ၁,၅,၁၀,၁၀၀ ရူပီးငွေစက္ကူများ အဖြစ် ထုတ်ဝေရန်နှင့် ဒုတိယအစီအစဉ်အရ ၂၀ နှင့် ၅၀ရူပီး ငွေအကြွေတို့ကို ဘုတ်အဖွဲ့မှ ထုတ်ဝေခဲ့ပါသည်။ ထိုငွေစက္ကူများတွင် ဒေါင်းတံဆိပ်ရေစာအမှတ်အသားပါရှိခဲ့ပြီး ဘုတ်အဖွဲ့၏ ဥက္ကဌမှ ထုတ်ဝေခွင့် ရရှိခဲ့ပါသည်။ မြန်မာနိုင် ငံတော်ငွေကြေးအုပ်ချုပ်မှုအဖွဲ့ မြန်မာပြည်တွင်း၌သာ သုံးပိုင်ခွင့်ရှိသည် (Burma Currency Board Legal Tender in Burma Only) ဟု အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ်ထား သောစာတန်းများပါရှိသည်။

                        အင်္ဂလိပ်တို့ထံမှ မြန်မာလွတ်လပ်ရေးရရှိပြီးသောအခါ မြန်မာနိုင်ငံသည် ပြည်ထောင်စုသမ္မတနိုင်ငံ ဖြစ်လာခဲ့ပြီး ငွေစက္ကူ၏ခေါင်းစည်းစာတန်းကို Government of the Union of Burma ဟု ပြောင်းလဲခဲ့သည်။ မြန်မာနိုင်ငံ ငွေကြေးအုပ်ချုပ်မှုအဖွဲ့သည် Legal Tender Currency in Burma Only စာတန်းပါသော အိန္ဒိယနိုင်ငံထုတ် ငွေစက္ကူများကို ရုပ်သိမ်းခဲ့ပြီး ၁၉၄၈ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် အဆိုပါ Government of the Union of Burma ခေါင်းစည်းစာတန်းပါ ငွေစက္ကူကို တိုးချဲ့ထုတ်ဝေခဲ့သည်။ သို့ရာတွင် ၁၉၅၀ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့တွင် ငွေအကြွေ အမျိုးအစားအားလုံး သုံးစွဲခွင့်အား ရပ်စဲခဲ့သည်။

                        ၁၉၅၂ခုနှစ် မြန်မာနိုင်ငံတော်ပြည်သူ့ဘဏ်အက်ဥပဒေကို ပြဌာန်းခဲ့ပြီး ငွေကြေးအုပ်ချုပ်မှု အဖွဲ့၏ တစ်ဦးတည်းငွေကြေးထုတ်ဝေခွင့်ကို မြန်မာနိုင်ငံပြည်သူ့ဘဏ် ငွေကြေးဌာနသို့ အသစ်ဖွဲ့စည်း လွှဲပြောင်းခဲ့ပြီး ၁၉၅၂ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှစတင်၍ ဗဟိုဘဏ်လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပါသည်။ ငွေကြေးအုပ်ချုပ်မှုအဖွဲ့ပိုင်ဆိုင်သော ရရန်နှင့် ပေးရန်ပိုင်ခွင့်များကို မြန်မာနိုင်ငံပြည်သူ့ဘဏ်သို့ လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံပြည်သူ့ဘဏ်လက်ထက် ငွေကြေးစနစ်သစ်တွင် အခြားအရေးပါသောပြောင်းလဲမှုမှာ ဒဿမစိတ်ငွေကြေးစနစ်သို့ ပြောင်းလဲစေခဲ့ခြင်းပင်ဖြစ်သည်။

ငွေအကြွေများကို နီကယ်ဖြင့်ပြုလုပ်ခဲ့ပြီး ၁မူး၊ ၁ပဲ၊ ၂ပဲ၊ ၄ပဲ နှင့် ၈ပဲများကို ထုတ်ဝေခဲ့ပါသည်။ ငွေအကြွေစေ့အားလုံးတွင် ခြင်္သေ့ပုံပါရှိပါသည်။ နောက်ကျောဘက်တွင် တန်ဖိုးနှင့် သွန်းလုပ်သည့်ခုနှစ်ကို ပန်းခွေအတွင်း ဖော်ပြပါရှိပါသည်။ သို့သော် ၁၉၅၃ခုနှစ် နိုဝင်ဘာလ(၁) ရက်နေ့တွင် ၁မူး တန်၊ ၁ပဲတန်နှင့် ၂ပဲတန် ငွေအကြွေများကို ရုပ်သိမ်းခဲ့ပါသည်။ ထို့ပြင် ၁၉၅၂ ခုနှစ်တွင် သုံးစွဲငွေ ရူပီးအမည်ကို ကျပ်ဖြင့် ပြောင်းလဲခဲ့ပြီး ဒဿမစိတ်ငွေကြေးဖြင့် ၁၀၀ပြားဖြင့် ညှိနှိုင်း ထုတ်ဝေခဲ့ပါသည်။ ယခင်က တစ်ရူပီးသည် မြန်မာငွေ ၁၆ပဲ၆၄ပြားနှင့် ညီမျှခဲ့ပါသည်။ မြန်မာငွေကြေး တစ်ယူနစ်ကို ကျပ်ငွေဖြင့် ပြောင်းလဲခဲ့ချိန်တွင် ပြား၁၀၀ နှင့် ညီမျှခဲ့ပါသည်။

မြန်မာနိုင်ငံတော်ပြည်သူ့ဘဏ်မှ ဗဟိုဘဏ်၏ တာဝန်ဝတ္တရားများကို လွှဲပြောင်းရယူခဲ့ပြီး ၁၉၅၂ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ဘဏ်မှထုတ်ဝေသော ငွေစက္ကူများ၏ အမှတ်လက္ခဏာများကို ပြောင်းလဲထုတ်ဝေခဲ့ပါသည်။ အသစ်ထုတ်ဝေသော ငွေစက္ကူများတွင် ရူပီးငွေကြေးများဖြစ်သော ၁, ၅, ၁၀, ၁၀၀ တန်များပါဝင်ပြီး၊ နောက်ပိုင်းတွင် ကျပ်ငွေဖြင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပါသည်။ ငွေစက္ကူတွင် ဥဒေါင်းပုံ ရေစာပါရှိပါသည်။ ဒုတိယအကြိမ်အားဖြင့် ၁၉၅၈ခုနှစ်တွင် ထုတ်ဝေသည့် ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ (ဦးထုပ်ပါစစ်ဝတ်စုံဖြင့်) ရုပ်ပုံပါရှိပါသည်။ ၁၉၅၈ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့ (ပြည်ထောင်စုနေ့)တွင် ၁, ၅, ၁၀, ၁၀၀ ကျပ်တန်များကို စတင်ထုတ်ဝေခဲ့ပြီး (၂၁)ရက် သြဂုတ်လတွင် ၂၀, ၅၀ ကျပ်တန်များကို ထုတ်ဝေခဲ့ပါသည်။ ၎င်း ငွေစက္ကူများသည် မြန်မာနိုင်ငံ၏ ပထမဆုံး ထုတ်ဝေသော ငွေစက္ကူများဖြစ်ပါသည်။

ဒဿမစိတ်ငွေကြေးစနစ်ဖြစ်သော ငွေအကြွေများတွင် ၁, ၅, ၁၀, ၂၅, ၅၀ ပြားနှင့် ၁ကျပ်တန် အကြွေစေ့များကို Royal Minted မှသွန်းလုပ်ခဲ့ပါသည်။ အဆိုပါ ငွေအကြွေများတွင် အမှတ်အသား များစွာပါဝင်သော် လည်း မြန်မာခြင်္သေ့ (သို့မဟုတ်) ခြင်္သေ့ပုံကို ယခင်အတိုင်းထားရှိသည်။ ၁၉၅၂ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် ၅ပြားနှင့် ၁၀ပြား ငွေအကြွေများကို စတင်သုံးစွဲခဲ့ပါသည်။

တော်လှန်ရေးကောင်စီအစိုးရလက်ထက် ၁၉၆၄ခုနှစ် မေလ(၁၇)ရက်နေ့တွင် ၅၀တန်နှင့် ၁၀၀တန် များကို တရားမဝင်ငွေစက္ကူအဖြစ် ကြေငြာပြီးနောက် ပြည်သူ့ဘဏ်ထုတ်ငွေစက္ကူအသစ်များဖြစ်သော ၁, ၅, ၁၀, ၂၀ တန် ငွေစက္ကူများကို ၁၉၆၅ခုနှစ်ဧပြီလ(၃၀)ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ပါသည်။ အဆိုပါငွေစက္ကူများတွင် ဗိုလ်ချုပ် အောင်ဆန်း၏ (ဦးထုပ်ပါစစ်ဝတ်စုံ)ရုပ်ပုံဖြင့် ထုတ်ဝေခဲ့ပါသည်။  လက်ရှိငွေစက္ကူများသည် ၎င်းတို့အား ဆက်လက် သုံးစွဲ ခွင့်မရှိသော ငွေအဖြစ်မှ မသတ်မှတ်မချင်း တရားဝင်ငွေအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပါသည်။

၁၉၇၂ခုနှစ် ဧပြီလ(၃၀)ရက်နေ့တွင် ပြည်သူ့ဘဏ်မှ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဘဏ်အဖြစ် ပြောင်းလဲခဲ့ပြီး ၂၅ကျပ်တန်ငွေစက္ကူကို ထုတ်ဝေခဲ့ပါသည်။ တချိန်တည်းတွင် ယခင်ထုတ်ဝေခဲ့သော ပြည်ထောင်စုဘဏ် ထုတ်ငွေစက္ကူများမှာ ယခုတိုင် တရားဝင်အသုံးဝင်ဆဲဖြစ်ပါသည်။ ပြည်သူ့ဘဏ်ထုတ် ၁ကျပ်တန်ငွေစက္ကူကို ၁၉၇၂ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် ထုတ်ဝေခဲ့ပြီး ၁၉၇၃ခုနှစ် ဇွန်လ (၃၀)ရက်နေ့တွင် ၁၀ကျပ်တန်ငွေစက္ကူများကို ထုတ်ဝေခဲ့ ပါသည်။ ၁၉၇၃ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့တွင် ၅ကျပ်တန်နှင့် ပြည်သူ့ဘဏ်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ တော်ဘဏ်ထုတ် ၅ကျပ်တန်များကို ဆက်လက် သုံးစွဲလျက်ရှိပါသည်။ ထိုမျှမက ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်၏ ၄၅ကျပ်တန်နှင့် ၉၀ကျပ် တန် ငွေစက္ကူများကို ၁၉၈၇ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့တွင် ထုတ်ဝေခဲ့ပါသည်။

၁၉၇၉ခုနှစ်တွင် ၅၀ကျပ်တန်နှင့်အတူ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေး အဖွဲ့တံဆိပ်ပါ ၅၀ပြားတန်ငွေစက္ကူတို့ကို ထုတ်ဝေခဲ့ပါသည်။ အဆိုပါငွေစက္ကူနှင့် ငွေအကြွေအား ဝါဇီလုပ်ငန်းစက်ရုံတွင် သွန်းလုပ်ခဲ့ ပါသည်။

၁၉၈၈ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် မှ ခြင်္သေ့မင်းရုပ်ပုံပါ ငွေစက္ကူအတွဲစဉ်များကို ထုတ်ဝေခဲ့ပြီး ဗိုလ်ချုပ်ပုံပါ ငွေစက္ကူအတွဲစဉ် များနေရာတွင်အစားထိုးခဲ့ပါ သည်။ ခြင်္သေ့မင်းရုပ်ပုံပါငွေစက္ကူများမှာ ၁, ၅, ၁၀, ၂၀, ၅၀, ၁၀၀, ၂၀၀, ၅၀၀, ၁၀၀၀ နှင့် ၁, ၅, ၁၀, ၅၀, ၁၀၀ ငွေအကြွေတို့ဖြစ်ပါသည်။ ၁ကျပ်တန်ငွေအကြွေစေ့မှာ ကြေးညိုရောင်ဖြစ်ပြီး ၅ကျပ်တန်နှင့် ၁၀ကျပ်တန် ငွေအကြွစေ့ များမှာ ရွှေဝါရောင်နှင့် ၅၀ကျပ်တန်နှင့် ၁၀၀ကျပ်တန် ငွေအကြွေစေ့များမှာ ငွေရောင်တို့ဖြစ်ပါသည်။ ၂၀၀၉ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့ တွင် ၅၀၀၀ကျပ်တန်ငွေစက္ကူကိုလည်းကောင်း၊ ၂၀၁၂ခုနှစ်၊ ဇွန်လ(၁၅)ရက်နေ့တွင် ၁၀၀၀၀ကျပ်တန်ငွေစက္ကူကိုလည်းကောင်း ပြည်သူများလွယ်ကူစွာ လှည့်လည်သုံးစွဲနိုင်ရန်အလို့ငှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ဝေခဲ့ပါသည်။

ငွေစက္ကူအတုပြဿနာ

                        ငွေစက္ကူအတုများကို ကျပ်၂၀၀၊ ကျပ် ၅၀၀နှင့် ကျပ်၁၀၀၀တန် ငွေစက္ကူအမျိုးအစား များတွင် အများဆုံးတွေ့ရှိရပါသည်။ ပုံနှိပ်ထားသော ငွေစက္ကူအတုများအပြင် Colour Printer ဖြင့်ထုတ်ယူသော ငွေစက္ကူအတုများလည်း တွေ့ရှိရပါသည်။ ငွေစက္ကူအတု၏ မျက်နှာစာတွင် ရေစာနှင့် လုံခြုံရေးကြိုးမပါရှိဘဲ မျက်နှာပြင်သည် ငွေစက္ကူအစစ်ထက် ပိုမိုချောမွေ့ပါသည်။ ပြည်သူလူထုအနေဖြင့် ငွေစက္ကူအတုနှင့်အစစ်ကို ထင်ထင်ရှားရှား ခွဲခြားသိမြင်နိုင်ပါသည်။ ငွေစက္ကူအတုပမာဏသည် လှည့်လည်သုံးစွဲငွေ ပမာဏနှင့်နှိုင်းစာလျှင် အလွန်ပင်နည်းပါးပါသည်။ မြန်မာနိုင်ငံတွင် ငွေစက္ကူ အတုနှင့် ပတ်သက်၍ အဓိကပြဿနာမဟုတ်ဘဲ ၎င်းကို လျစ်လျူရှုထားနိုင်ပါသည်။

Weighted-average (WA) Market Exchange Rate

MMK per USD - Date 25th September 2020

Reference Exchange rate
(WA market rate)
1,309.4
Interbank Market WA rate 1,309.3
Bank-customer Market WA rate

1,309.5

  • CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.
  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၇%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၅%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၀%

တစ်နှစ်လျင် ၁၄.၅%

 

Economic Indicators (%)

GDP Growth Rate
2018-2019 FY
(October to September)
6.80 %
Annual Rate of Inflation
(June 2020)
7.91 %
Year on Year Inflation
(June 2020)
4.16 %

     Source : Ministry of Planning and Finance