The Republic of the Union of Myanmar

Central Bank of Myanmar

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။     မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော်လျက်ရှိသည့် ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (FSDP) အောက်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် Hardware Requirement for Accounting System အတွက် လိုအပ်နေသော Server များ ၊ Storage များ၊ Laptop များ၊ ယင်းတို့နှင့်ဆက်စပ်သည့် လိုင်စင်များ၊ Server Migration လုပ်ငန်းများ၊ Oracle Database Upgrade လုပ်ငန်းများနှင့် EBS Application Upgrade လုပ်ငန်းများကို အကောင်အထည်ဖော်ခြင်းတို့အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။     တင်ဒါစည်းကမ်းချက်များပါဝင်သော အိတ်ဖွင့်တင်ဒါပုံစံကို ၂၂-၉-၂၀၂၀ ရက်မှ ၂၃-၉-၂၀၂၀ ရက်အထိ နံနက် (၁၁:၀၀) နာရီမှ နေ့လယ် (၃:၃၀) နာရီအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်၊ ရုံးအမှတ် (၅၅)၊ စီမံခန့်ခွဲမှုနှင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ)၊ အမှတ် ၂၆(က)၊ စက်မှုလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့တို့တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၃။     အိတ်ဖွင့်တင်ဒါများကို ၂၉-၉-၂၀၂၀ ရက်နေ့တွင် နံနက် (၉:၃၀) နာရီမှ နေ့လယ် (၂:၀၀) နာရီအတွင်း မူရင်းများနှင့် CD soft copy တစ်စုံအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်၊ ရုံးအမှတ် (၅၅)၊ စီမံခန့်ခွဲမှုနှင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနသို့လည်းကောင်း၊ မိတ္တူတစ်စုံနှင့် CD soft copy အား မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ)၊ အမှတ် ၂၆(က)၊ စက်မှုလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့သို့လည်ကောင်း ချိပ်ပိတ်တင်သွင်းရန်ဖြစ်ပါသည်။ (သတ်မှတ်ကာလထက်ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။)

၄။     အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် တင်ဒါတန်ဖိုး၏ ၁% အား တင်ဒါအာမခံကြေးအဖြစ် ၃ လ သက်တမ်းရှိသော Bank Guarantee အား သတ်မှတ်တင်ဒါစာရွက်စာတမ်းများနှင့်အတူ ချိပ်ပိတ်တင်သွင်းရပါမည်။ (ငွေသား သို့မဟုတ် P.O Cheque ဖြင့် တင်သွင်းခြင်းကို လုံးဝလက်ခံမည်မဟုတ်ပါ)

၅။     အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စီမံခန့်ခွဲမှုနှင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ နေပြည်တော်၊ ညွှန်ကြားရေးမှူး၊ ဖုန်း ၀၆၇-၃၄၁၈၅၉၅ ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဖုန်း ၀၆၇-၃၄၁၈၁၇၁ နှင့် စီမံခန့်ခွဲမှုနှင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန (ရန်ကုန်ဘဏ်ခွဲ)၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဖုန်း ၀၁-၉၅၅၅၅၃၀ ၊ ၀၁-၉၅၅၉၄၈၉ နှင့် Email: pcu.fsdp@cbm.gov.mm  သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါကော်မတီ

Weighted-average (WA) Market Exchange Rate

MMK per USD - Date 1st December 2020

Reference Exchange rate
(WA market rate)
1,320.9
Interbank Market WA rate 1,321.8
Bank-customer Market WA rate

1,319.6

CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.

  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

Interest Rate(%)
Central Bank Rate 7%pa
Minimum Bank Deposit Rate 5%pa

Maximum Bank Lending Rate (Secured)

Maximum Bank Lending Rate (Unsecured)

10%pa

 

14.5%pa

Economic Indicators (%)
GDP Growth Rate
2018-2019 FY
(October to September)
6.80 %
Annual Rate of Inflation
(August 2020)
6.43 %
Year on Year Inflation
(August 2020)
1.84 %

     Source : Ministry of Planning and Finance