မြန်မာနိုင်ငံတော်ဗဟိုဘဏ်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၊ ရုံးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အောက်ပါ ပစ္စည်း (၃)မျိုးအားအိတ်ဖွင့်တင်ဒါတင်သွင်းရန်ဖိတ်ခေါ်ပါသည် -
(က) Server (6)Nos and Related Equipments (1) Lot
(ခ) Service, Installation, Incident Ticket, Health Check and Training for Servers (1)Lot
(ဂ) Windows Server Licenses and Database License (1)Lot
၂။ တင်ဒါစည်းကမ်းချက်များပါဝင်သော အိတ်ဖွင့်တင်ဒါပုံစံကို (၁၅-၆-၂၀၂၀) ရက်နေ့မှ (၁၉-၆-၂၀၂၀)ရက်နေ့အထိ ရုံးဖွင့်ရက်များအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်(နေပြည်တော်)၊ ရုံးအမှတ်(၅၅)၊ စီမံခန့်ခွဲမှုနှင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ အင်ဂျင်နီယာဌာနစိတ်(စက်မှု) တွင် လာရောက်ထုတ်ယူနိုင်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါများကို (၁၃-၇-၂၀၂၀)ရက်နေ့ နေ့လည် (၀၂:၀၀)နာရီ နောက်ဆုံးထား၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်(နေပြည်တော်)၊ ရုံးအမှတ်(၅၅)၊ စီမံခန့်ခွဲမှုနှင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ အင်ဂျင်နီယာဌာနစိတ် (စက်မှု)တွင် တင်သွင်းရန် ဖြစ်ပါသည်။ (သတ်မှတ် ကာလထက်ကျော်လွန်သောတင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။)
၄။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် တင်ဒါတန်ဖိုး၏ ၁% အား တင်ဒါအာမခံကြေး အဖြစ် (၃)လသက်တမ်းရှိသော Bank Guarantee အား သတ်မှတ်တင်ဒါစာရွက်စာတမ်း များနှင့်အတူ ချိပ်ပိတ်တင်သွင်းရပါမည်။ (ငွေသား သို့မဟုတ် P.O Cheque ဖြင့် တင်သွင်း ခြင်းကို လုံးဝလက်ခံမည် မဟုတ်ပါ။)
၅။ အသေးစိတ်သိရှိလိုသောအချက်များရှိပါက ဖုန်း-၀၆၇-၃၄၁၈၂၉၃ (အင်ဂျင်နီယာဌာနစိတ်၊ စက်မှု)နှင့် ဖုန်း-၀၁-၅၅၅၅၃၀ (သတင်းအချက်အလက်နှင့်နည်းပညာဌာနစိတ်) သို့ ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်။
တင်ဒါကော်မတီ