၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် FSDP Project အောက်တွင် Oracle EBS Financial Budgeting, Fixed Assets and Accounts Payable Functions အတွက် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ တင်ဒါစည်းကမ်းချက်များပါဝင်သော အိတ်ဖွင့်တင်ဒါပုံစံကို (၁၈-၅-၂၀၂၀) ရက်နေ့မှ (၂၈-၅-၂၀၂၀) ရက်အထိ ရုံးဖွင့်ရက်များအတွင်း အောက်ဖော်ပြပါလိပ်စာများတွင် ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါသည်။ တင်ဒါဖွင့်ဖောက်ခြင်းအား (၂၂-၆-၂၀၂၀) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် Video Conferencing ဖြင့် ဆောင်ရွက်မည်ဖြစ်ပါသည်။
၃။ အိတ်ဖွင့်တင်ဒါများကို (၂၂-၆-၂၀၂၀) ရက်နေ့၊ (၁၄း၀၀) နာရီမတိုင်မီ နောက်ဆုံးထား၍ ရောက်ရှိစေရန် စာတိုက် (သို့မဟုတ်) အမြန်ချောပို့မှတစ်ဆင့် ရုံးအမှတ်(၅၅)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီမံခန့်ခွဲမှုနှင့်လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာန၊ ရာဇသင်္ဂဟလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူ၍ တင်သွင်းရန်ဖြစ်ပါသည်။ (သတ်မှတ် ကာလထက်ကျော်လွန်သော တင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။)
၄။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် တင်ဒါတန်ဖိုး၏ ၁% အား တင်ဒါအာမခံကြေး အဖြစ် (၃)လ သက်တမ်း ရှိသော Bank Guarantee အား သတ်မှတ်တင်ဒါစာရွက်စာတမ်းများနှင့်အတူ ချိပ်ပိတ်၍ စာတိုက်မှ မှတ်ပုံတင်ခြင်း သို့မဟုတ် အမြန်ချောပို့မှတစ်ဆင့် တင်သွင်းရပါမည်။ (ငွေသား သို့မဟုတ် P.O Cheque ဖြင့် တင်သွင်းခြင်းကို လုံးဝလက်ခံမည် မဟုတ်ပါ။)
၅။ ဆက်သွယ်ဝယ်ယူရန် လိပ်စာများမှာ -
(က) ဒေါငြိမ်းငြိမ်းမြင့်၊ ညွှန်ကြားရေးမှူး၊ စာရင်းဌာန
ဖုန်း-၀၆၇-၃၄၁၈၅၁၆၊ ၀၁-၈၆၀၅၀၉၂၊
(ခ) ဦးရင်သောင်း၊ ညွှန်ကြားရေးမှူး၊
စီမံခန့်ခွဲမှုနှင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန(နေပြည်တော်)
ဖုန်း-၀၆၇-၃၄၁၈၅၉၅၊ ၀၆၇-၃၄၁၈၂၉၃၊
(ဂ) ဒေါ်ခင်နွဲ့အောင်၊ ညွှန်ကြားရေးမှူး
စီမံခန့်ခွဲမှုနှင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန(ရန်ကုန်)
ဖုန်း-၀၁-၉၅၄၃၅၃၆၊ ၀၁-၉၅၄၃၇၇၀၊