ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြရမည့် စာရွက်စာတမ်းများ
၁။ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ လိပ်မူ ထားသည့် ကုမ္ပဏီ Letter Head ဖြင့် ကိုယ်တိုင်ရေးလျှောက်လွှာ၊
၂။ ကုမ္ပဏီဆိုင်ရာ စာရွက်စာတမ်းအထောက်အထားများ (MyCo-Company Extract ၊ Company Constitution) ၊
၃။ ကုမ္ပဏီတွင် ပြည်ပငွေလွှဲလုပ်ငန်း အတွေ့အကြုံ ရှိ/မရှိ၊ ( အပိုဒ် (၁) လျှောက်လွှာတွင် ထည့်သွင်းဖော်ပြရန်)
၄။ ပြည်ပငွေလွှဲလုပ်ငန်းအား စီမံခန့်ခွဲမည့်ပုဂ္ဂိုလ်၏ ကိုယ်ရေးအချက်အလက်၊ ယခင်က ငွေလွှဲလုပ်ငန်း ဆောင်ရွက်ဖူးခြင်း ရှိ/မရှိ၊ ရှိပါက ပြီးခဲ့သော (၁၂) လတာ ကာလအတွင်း လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ (ပြီးခဲ့သည့် (၁၂) လအတွင်း ဆောင်ရွက်ခဲ့သည့် ပမာဏ စုစုပေါင်း၊ Transaction အရေအတွက်၊ မိတ်ဖက်နိုင်ငံများအလိုက် ဖော်ပြရန်၊ ဥပမာအားဖြင့် ထိုင်းနိုင်ငံနှင့် အကြိမ်အရေအတွက် မည်မျှဆောင်ရွက်သည်၊ မလေးရှားနိုင်ငံနှင့် အကြိမ်အရေအတွက် မည်မျှ ဆောင်ရွက်သည်၊ ပြီးခဲ့သည့် (၁၂) လတာကာလအတွင်း transaction တစ်ခုလျှင် အများဆုံး ဆောင်ရွက်ခဲ့သည့်ပမာဏ စသည်ဖြင့်) အပြည့်အစုံကို ဖော်ပြထားသည့် လုပ်ငန်းအတွေ့အကြုံ နှင့် ကျွမ်းကျင်သောနယ်ပယ်၊
၅။ ကုမ္ပဏီ၏ အကျိုးခံစားခွင့်ရှိသူပိုင်ရှင်၊ ကုမ္ပဏီအား စီမံခန့်ခွဲမည့်ပုဂ္ဂိုလ်နှင့် ကုမ္ပဏီ၏ အစု ရှယ်ယာ ၁၀ ရာခိုင်နှုန်းနှင့်အထက် ပိုင်ဆိုင်သော အစုရှယ်ယာရှင်များ၏ ကိုယ်ရေးအချက်အလက် နှင့် ပြစ်မှုကင်းရှင်းကြောင်း အထောက်အထား၊
၆။ ပြည်ပငွေလွှဲလုပ်ငန်းလုပ်ကိုင်မည့် ကုမ္ပဏီတွင် Compliance Officer အဖြစ် တာဝန် ထမ်းဆောင်မည့်သူ၏ ကိုယ်ရေးအချက်အလက်(CV) နှင့် ပြစ်မှုကင်းရှင်းကြောင်းအထောက်အထား၊
၇။ ကုမ္ပဏီ၏ အကျိုးခံစားခွင့်ရှိသူပိုင်ရှင်ဖြစ်စေ၊ ကုမ္ပဏီအား စီမံခန့်ခွဲမည့်ပုဂ္ဂိုလ်ဖြစ်စေ၊ ကုမ္ပဏီ၏ အစုရှယ်ယာ ၁၀ ရာခိုင်နှုန်းနှင့်အထက် ပိုင်ဆိုင်သော အစုရှယ်ယာရှင်များဖြစ်စေ၊ Compliance Officer ဖြစ်စေ တစ်ဦးဦးက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတို့ပါ ပြဌာန်းချက်များအား လိုက်နာဆောင်ရွက်မှုရှိရေးဆိုင်ရာ သင်တန်း တက်ရောက်အောင်မြင်ပြီးကြောင်း အထောက်အထားလက်မှတ်၊
၈။ ပြည်ပတွင် ကိုယ်စားလှယ် သို့မဟုတ် ရုံးခွဲထားရှိ၍ ဆောင်ရွက်ခြင်းဖြစ်ပါက ယင်း ကိုယ်စားလှယ်၊ တစ်ဆင့်ခံကိုယ်စားလှယ်၊ ရုံးခွဲတာဝန်ခံတို့၏ ပြစ်မှုကင်းရှင်းကြောင်း အထောက်အထား၊