၁။ | မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု စေရန် အတွက် ဘဏ်များမှ ရွှေနှင့် ရွှေထည်ပစ္စည်းများအား အာမခံရယူ၍ စီးပွားရေးလုပ်ငန်းရှင်များသို့ ချေးငွေထုတ် ချေးခွင့်ကို (၈.၉.၂၀၁၁) ရက်နေ့မှစတင် ခွင့်ပြုခဲ့သည်။ |
၂။ | မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်သူများလူနေမှုအဆင့်အတန်း မြင့်မားလာစေရန် အတွက် လည်းကောင်း၊ ဘဏ်များအနေဖြင့် ဝင်ငွေပိုမိုရရှိစေရန်အတွက် လည်းကောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုရန်အတွက် လည်းကောင်း၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများအား ဘဏ် customers များသို့ အငှားဝယ်ယူစနစ် (Hire Purchase System) ဖြင့် ဝယ်ယူပေးခြင်းကို (၂၁.၁၀.၂၀၁၁) ရက်နေ့မှစ၍ ဆောင်ရွက်ခွင့်ပြုခဲ့ပါသည်။ |
၃။ | မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းများဆိုင်ရာ နည်းဥပဒေ - ပုဒ်မ (၂၁) ပုဒ်မခွဲ (က) အရ ပုဂ္ဂလိကဘဏ်များအနေဖြင့် ဘဏ်အပ်ငွေများအား အာမခံအဖြစ် ရယူ၍ ချေးငွေထုတ်ချေးခွင့်ကို (၂၇.၁၂.၂၀၁၁) ရက်နေ့တွင်ခွင့်ပြုခဲ့သည်။ |
၄။ | မြန်မာနိုင်ငံတော်သည် ကုန်ပစ္စည်းများနှင့် ကောက်ပဲသီးနှံများအား လက်ရောက်အပေါင် (Pledge) ရယူ၍ စီးပွားရေးလုပ်ငန်းရှင်များသို့ ချေးငွေများထုတ်ချေးခွင့်ကို (၂၅.၁.၂၀၁၂) ရက်နေ့တွင် ခွင့်ပြုခဲ့သည်။ |
၅။ | ဘဏ်လုပ်ငန်းအမျိုးအစားများ တိုးချဲ့လုပ်ကိုင်ခြင်းနှင့်အတူ ဘဏ်၏ ငွေဖြစ်လွယ်မှုစီမံခန့်ခွဲခြင်း (Liquidity Management) ကို အထောက်အကူဖြစ်စေရန် ဘဏ်များအား Inter-bank borrowing ဆောင်ရွက်ခွင့်ကို (၂၂.၃.၂၀၁၂) ရက်နေ့မှ စ၍ ခွင့်ပြုခဲ့သည်။ |
၆။ | မြန်မာနိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းများဆိုင်ရာ နည်းဥပဒေ - ပုဒ်မ (၂၁) ပုဒ်မခွဲ (က) အရ အစိုးရ ငွေတိုက်စာချုပ်များအား အာမခံပစ္စည်းအဖြစ်ရယူ၍ (၁၅.၆.၂၀၁၂) ရက်နေ့မှစတင်၍ ချေးငွေ ထုတ်ချေးခွင့်ပြု ခဲ့ပါသည်။ |