The Republic of the Union of Myanmar

Central Bank of Myanmar

Photo Gallery

Video Gallery

သင်တန်းလျှောက်လွှာခေါ်ယူခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က (၁၅-၁၁-၂၀၁၉) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ အမှတ် - ၂၁/၂၀၁၉ - ပြည်ပငွေလွှဲလုပ်ငန်းဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာစည်းမျဉ်း၊ အပိုဒ် ၄ (င) အရ လိုင်စင်လျှောက်ထားရာတွင် တင်ပြရမည့် "ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတို့ပါ ပြဌာန်းချက်များအား လိုက်နာဆောင်ရွက်မှုရှိရေးဆိုင်ရာသင်တန်း" တက်ရောက်ပြီးစီးကြောင်း အထောက်အထားလက်မှတ်အတွက် သင်တန်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က (၁၃-၁-၂၀၂၀) ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပါ၍ သင်တန်းတက်ရောက်လိုသူများ အနေဖြင့် သင်တန်းလျှောက်လွှာကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် website (www.cbm.gov.mm) တွင် ရယူနိုင်ပါသည်။ လျှောက်လွှာတွင် ပြည့်စုံစွာဖြည့်စွက်၍ ပူးတွဲတင်ပြရမည့် အထောက်အထား များနှင့်အတူ (၃၀-၁၂-၂၀၁၉) ရက်နေ့ နောက်ဆုံးထားပြီး အောက်ပါအတိုင်း ပေးပို့လျှောက်ထားနိုင်ပါသည် -

(က)   မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၏ e-mail လိပ်စာ femddept.ygn@gmail.com သို့ ပေးပို့ရန်     သို့မဟုတ်

( ခ )   နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၊ အမှတ် (၂၆/က) စက်မှုလမ်းသို့ လူကိုယ်တိုင်လာရောက်၍ လျှောက်လွှာတင်သွင်းရန်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများ၏ စာရင်းအား မြန်မာနိုင်ငံတော်ဗဟိုဘဏ် website ၌ (၈-၁-၂၀၂၀) ရက်နေ့တွင် ကြေညာမည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများ အနေဖြင့် (၁၀-၁-၂၀၂၀) ရက်နေ့ နောက်ဆုံးထား၍ သင်တန်းကြေး ကျပ် ၅၀,၀၀၀/- အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲတွင် လာရောက်ပေးသွင်းရန် နှင့် အသေးစိတ် အချက်အလက်များ သိရှိလိုပါက ဖုန်းနံပါတ်  ၀၁- ၅၄၃၅၁၀ လိုင်းခွဲ ၂၇၂ ၊ လိုင်းခွဲ ၂၆၇ နှင့် ၀၁-၈၆၀၅၀၉၈ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

 

သင်တန်းလျှောက်လွှာရယူရန် ဤ နေရာကိုနှိပ်ပါ။

 

Weighted-average (WA) Market Exchange Rate

MMK per USD - Date: 18th February 2020

Reference Exchange rate
(WA market rate)
1,446.2
Interbank Market WA rate 1,446.3
Bank-customer Market WA rate

1,446.1

  • CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.
  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

Interest Rate(%)
Central Bank Rate 10%pa
Minimum Bank Deposit Rate 8%pa

Maximum Bank Lending Rate (Secured)

Maximum Bank Lending Rate (Unsecured)

13%pa

 

16%pa

Economic Indicators (%)
GDP Growth Rate
2018-2019 First 6 Months
(October to March)
6.30 %
Annual Rate of Inflation
(December 2019)
8.81 %
Year on Year Inflation
(December 2019)
9.45 %

     Source : Ministry of Planning and Finance