သတင်းထုတ်ပြန်ချက်
မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုမည့် နိုင်ငံခြားဘဏ်များ ရွေးချယ်ခွင့်ပြုရေး ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးခဲ့သည့် နိုင်ငံခြားဘဏ်များ ရွေးချယ်ရေးအဖွဲ့၏ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးကို ၉-၈-၂၀၁၉ ရက်၊ သောကြာနေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်၌ ကျင်းပခဲ့ပါသည်။