ဘဏ်များအကြားနိုင်ငံခြားငွေကြေးဈေးကွက်၏ သတင်းအချက်အလက်များဖြန့်ဝေသွားမည်ဖြစ်ခြင်း
၁။ နိုင်ငံတော်၏ စီးပွားရေးစနစ်အတွင်း နိုင်ငံခြားငွေကြေးစီးဆင်းမှု ပိုမိုလွယ်ကူချောမွေ့စေရန်နှင့် နိုင်ငံခြားငွေဖြင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးစေရန်အတွက် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ (Authorised Dealer) ဘဏ်များအကြား နိုင်ငံခြားငွေကြေးဈေးကွက် (Interbank Foreign Exchange Spot Market) ကို (၅-၈-၂၀၁၃)ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။
၂။ (၁၂-၈-၂၀၁၃) ရက်နေ့မှစတင်၍ ဘဏ်များအကြား နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေးနှုန်းများနှင့် ရောင်း/၀ယ်သည့် နိုင်ငံခြားငွေကြေးပမာဏများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website: www.cbm.gov.mm တွင် ဖော်ပြထားခြင်းဖြင့်လည်းကောင်း၊ အလိုအလျောက် ဖြေကြားသည့် တယ်လီဖုန်းအမှတ် ၀၁-၈၆၀၅၁၀၀ သို့ ဆက်သွယ်မေးမြန်းခြင်းဖြင့်လည်းကောင်း ပြည်သူများနှင့် စီးပွားရေးဝန်းကျင်သို့ အသိပေးတင်ပြသွားရန် စီစဉ်ထားရှိကြောင်း ဖော်ပြအပ်ပါသည်။