The Republic of the Union of Myanmar

Central Bank of Myanmar

Sumitomo Mitsui Banking Corporation ရဲ့ ဘဏ်ခွဲဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌ ဦးကျော်ကျော်မောင်မှ ပြောကြားသည့် မိန့်ခွန်း (၂၃.၄.၂၀၁၅) ရက်နေ့

Sumitomo Mitsui Banking Corporation ရဲ့ ဘဏ်ခွဲဖွင့်ပွဲ အခမ်းအနားတွင်

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌ ပြောကြားသည့် မိန့်ခွန်း

၂၃.၄.၂၀၁၅ ရက်နေ့၊ ရန်ကုန်မြို့။

လေးစားအပ်ပါသော

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ

ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်

SMBC Vice President. Mr. Minoura

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Tateshi Higuchi

ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များခင်ဗျား။

      နှစ်သစ်ကူးအခါသမယမှာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ပဏာမနှုတ်ခွန်းဆက်ပါတယ်။ ယနေ့ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုချက်ရရှိတဲ့ ဂျပန်ဘဏ်ကြီး (၃)ခု အနက် တစ်ခုဖြစ်တဲ့ SMBC ဘဏ်ရဲ့ ဘဏ်ခွဲလုပ်ငန်း စတင်ဆောင်ရွက်ရန် ဒုတိယမြောက် ဖွင့်လှစ်တဲ့ အခမ်းအနားမှာ စကားပြောခွင့်ရတဲ့အတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူ မိပါတယ်။

SMBC ဘဏ်ဟာ သမိုင်းကြောင်းအစဉ်အလာကြီးမားခဲ့တဲ့ ဘဏ်ကြီးတစ်ခုအဖြစ် ရပ်တည်ခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။ မူလက Mitsui Bank နဲ့ Sumitomo Bank တွေဟာ သီးခြားရပ်တည်ခဲ့ကြပြီး ၂၀၀၁ ခုနှစ် ဧပြီလမှာ Sumitomo Mitsui Banking Corporation အဖြစ် ပေါင်းစည်းဖြစ်ပေါ်လာခဲ့ပြီး ပြည်တွင်းဘဏ်ခွဲပေါင်း ၄၀၀ ကျော်၊ ကမ္ဘာတစ်ဝှမ်း ပြည်ပဘဏ်ခွဲပေါင်း ၁၅ ဘဏ်ရှိပြီး ဘဏ်ဝန်ထမ်းပေါင်း ၂၅၀၀ ကျော်နဲ့ ဘဏ်ဝန်ဆောင်မှုတွေ ဖြည့်ဆည်းပေးနေတဲ့ ဘဏ်ကြီးတစ်ဘဏ်ဖြစ်တဲ့အတွက် ဒီဘဏ်ကြီးရဲ့ဘဏ်ခွဲတစ်ခု မြန်မာ့ငွေရေးကြေးရေး ကဏ္ဍတွင် ပါဝင်လာတဲ့အတွက် လှိုက်လှဲဝမ်းသာစွာကြိုဆိုကြောင်း ပြောကြား လိုပါတယ်။

Sumitomo Mitsui Financial Group ရဲ့ ဦးဆောင်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်း၊ အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်းတွေမှာ အောင်မြင်နေတဲ့ SMBC ဘဏ်ဟာ မြန်မာနိုင်ငံမှာ လက်ကားဘဏ်လုပ်ငန်းဆောင်ရွက်ရင်း ဂျပန်ကော်ပို ရေးရှင်းကြီးများကို ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ ပံ့ပိုးပေးသလို ပြည်တွင်းဘဏ်များနဲ့ လက်တွဲပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း ပံ့ပိုးပေးသွားမယ်လို့ ယုံကြည်ပါတယ်။

ဘဏ်ဝန်ထမ်းတွေ ခန့်ထားမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား ဘွဲ့ရပညာတတ် လူငယ်များကို ခန့်အပ်ပြီး စွမ်းဆောင်မှုအရည်အသွေး မြှင့်တင်သွားဖို့နဲ့ ပြည်တွင်း ဘဏ်များရဲ့ ဝန်ထမ်းများကိုလည်း မိမိဘဏ်ရဲ့ အတွေ့အကြုံနည်းစနစ်များ၊ သင်ခန်းစာများ၊ ဖြေရှင်းဆောင်ရွက်မှုများ၊ စီမံအုပ်ချုပ်မှုများကိုလည်း မျှဝေ ပံ့ပိုး ဆောင်ရွက်သွားစေချင်ပါတယ်။ ဂျပန်ဘဏ်များရဲ့ ကောင်းမွန်သော နည်းစနစ် ထိန်းသိမ်းမှု၊ လိုက်နာဆောင်ရွက်မှုတွေကို ပြည်တွင်းဘဏ်များက အတုယူ ကျင့်သုံးဆောင်ရွက်နိုင်ရန် ကူညီပံ့ပိုးပေးစေလိုပါတယ်။

ဘဏ်လုပ်ငန်းဝန်ဆောင်မှု ပိုမိုတိုးတက်ကောင်းမွန်စေပြီး မြန်မာနိုင်ငံအတွင်းမှာ ဂျပန် စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှု၊ အထူးစီးပွားရေးဇုန်များမှာလည်း ပိုမို ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်၍ စီးပွားရေး ဖွံ့ဖြိုးလာမှာဖြစ်လို့ SMBC ဘဏ်ကလည်း ဒီလိုဖွံ့ဖြိုးတိုးတက်လာဖို့ တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးပေးမယ်လို့ ယုံကြည်ပါတယ်။ အပြန်အလှန်အားဖြင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ SMBC ဘဏ်ခွဲဟာလည်း ပိုမိုတိုးတက် အောင်မြင်လာမှာဖြစ်လို့ အကျိုးတူလက်တွဲ ပူးပေါင်းပြီး win-win situation ကို အကောင်အထည်ဖေါ် သွားကြမယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံရဲ့ သီလဝါအထူးစီးပွားရေးဇုန်မှာ ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေ          လာရောက် ရင်းနှီးမြှုပ်နှံနေကြတာနဲ့အတူ အခြားနေရာများတွင်လည်း ပြည်ပကုန်ထုတ် လုပ်မှုလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်နေချိန်မှာ ငွေရေးကြေးရေးဆိုင်ရာ အခန်း ကဏ္ဍကလည်း တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်မှုရှိရန် လိုအပ်ပါတယ်။ ဒါကြောင့် ငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်းများနဲ့ဆက်စပ်တဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရန်အတွက်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့်အတူ ပြည်တွင်းပုဂ္ဂလိကဘဏ်များနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ တိုက်တွန်းပါကြောင်း ပြောကြားလိုပါတယ်။

ဂျပန်နိုင်ငံရဲ့ စီးပွားရေးမူဝါဒဖြစ်သော "အာဆီယံနိုင်ငံများနှင့် အတူတကွအောင်မြင်ရန်" ရည်မှန်းချက်အရ မြန်မာနိုင်ငံနဲ့အတူ SMBC ဘဏ် အနေဖြင့်လည်း အောင်မြင်အောင် ဆောင်ရွက်သွားမည်ဟု ယုံကြည်ပါကြောင်း ပြောကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ဂျပန်ဘဏ်များအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ပညာရေး၊ လယ်ယာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ဖို့ တက်တက်ကြွကြွ ပါဝင်ပံ့ပိုးဆောင်ရွက်သွားဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ တိုက်တွန်းပြောကြားလိုပါတယ်။ SMBC ဘဏ်ဟာ မိမိကမ်းလှမ်းခဲ့တဲ့ ကတိကဝတ်များ၊ လုပ်ငန်းစီမံချက် များအတိုင်း အကောင်အထည် ဖေါ် ဆောင်ရွက်သွားရင်း ပြည်တွင်းပုဂ္ဂလိကဘဏ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း၊ လုပ်ငန်းစွမ်းဆောင်ရည်တို့ကို မြှင့်တင်ဖို့ ကူညီပံ့ပိုးပြီး၊ လက်တွဲပူးပေါင်း ဆောင်ရွက် သွားနိုင်ပါစေ။ SMBC ဘဏ်ခွဲလုပ်ငန်းများ အောင်မြင်ပါစေ၊ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်တွင်း ဘဏ်လုပ်ငန်းများ အပါအဝင် ဘဏ်လုပ်ငန်းကဏ္ဍကြီး တစ်ခုလုံး တိုးတက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျား။

 

MMK per USD - Date 3rd December 2021

Reference Exchange Rate (CBM Auction Rate)

1780.0

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

Interest Rate(%)
Central Bank Rate 7%pa
Minimum Bank Deposit Rate 5%pa

Maximum Bank Lending Rate (Secured)

Maximum Bank Lending Rate (Unsecured)

10%pa

 

14.5%pa

Economic Indicators (%)
GDP Growth Rate
2019-2020 FY
3.20 %
Annual Rate of Inflation
(February 2021)
2.61 %
Year on Year Inflation
(February 2021)
1.51 %

    Source :

    Ministry of Planning, Finance and Industry