ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းအား Stock Exchange of Thailand, President Mr. Charamporn Jotikasthira နှင့် အဖွဲ့သည် မေ ၂၁ ရက် နံနက် ၁ဝ နာရီခွဲတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် အရင်းအနှီးဈေး ကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးရေး ပူးပေါင်းဆောင်ရွက်ရန် ကိစ္စများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
အလားတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအား Sumitomo Mitsui Banking Corporation မှ Deputy President Mr. Hiroshi Minoura နှင့်အဖွဲ့သည် နံနက် ၁၁နာရီတွင် လာရောက်တွေ့ဆုံပြီး Sumitomo Mitsui Banking Corporation အနေဖြင့် မြန်မာနိုင်ငံမှဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများအား တိုးချဲ့လုပ် ကိုင်ရန် ကိစ္စများနှင့် ပတ်သက်၍ အကျယ် တဝင့် ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအား IMF Staff Visit Mission အဖွဲ့သည် မွန်းလွဲပိုင်းတွင် လာရောက် တွေ့ဆုံပြီး မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက် လျက်ရှိသော ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများတွင် နည်းပညာအကူအညီပေးရေးနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲများသို့ ဌာနကြီးမှူးများ တက်ရောက်ခဲ့ကြသည်။