The Republic of the Union of Myanmar

Central Bank of Myanmar

Information

News & Announcements

Photo Gallery

Video Gallery

Duties and Responsibilities

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) ငွေကြေးမူဝါဒကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(ခ) နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒကို ဆုံးဖြတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊
(ဂ) အစိုးရအားနိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်နှင့် စပ်လျဉ်း၍ အကြံပြုခြင်း၊
(ဃ) နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေကို ထိန်းသိမ်းခြင်းနှင့်စီမံခန့်ခွဲခြင်း၊
(င) ပြည်တွင်းသုံးစွဲငွေကို တစ်ဦးတည်း ထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊
(စ) ငွေရေးကြေးရေးစနစ် တည်ငြိမ်ခိုင်မာမှုကိုထိန်းသိမ်းနိုင်ရန် ကြီးကြပ်ထိန်းကျောင်းခြင်း၊
(ဆ) ငွေရေးကြေးရေးအဖွဲ့အစည်းများကို ကြီးကြပ် စစ်ဆေးခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်း၊
(ဇ) ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေဈေးကွက်များ စနစ်တကျနှင့် ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန် ထိန်းကျောင်း ကွက်ကဲခြင်း၊
(ဈ) လုံခြုံစိတ်ချရပြီး ခိုင်မာ၍ စွမ်းဆောင်ရည်ပြည့်ဝသော ပေးချေမှုစနစ်တစ်ရပ် တိုးမြှင့်ဆောင်ရွက်ခြင်းနှင့် ကြပ်မတ်ကွပ် ကဲခြင်း၊
(ည) ဘဏ်များ၏ နောက်ဆုံးအားထားရာ ငွေချေးသူအဖြစ် ဆောင်ရွက်ခြင်း၊
(ဋ) အစိုးရ၏ငွေစာရင်းများကို ထိန်းသိမ်းပေးခြင်းဖြင့် အစိုးရ၏ဘဏ်အဖြစ် ဆောင်ရွက်ခြင်း၊
(ဌ) အစိုးရ၏ ငွေရေးကြေးရေးဆိုင်ရာ အကြံပေးနှင့် ဘဏ္ဍာရေးကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခြင်း၊
(ဍ) ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ ဘဏ်အဖြစ်ဆောင် ရွက်ခြင်း၊
(ဎ) ငွေရေးကြေးရေးအဖွဲ့အစည်းများအတွက် စာရင်းများဖွင့်လှစ်၍ အပ်ငွေများ လက်ခံခြင်း၊
(ဏ) ဘဏ်လုပ်ငန်း၊ ချေးငွေနှင့် ငွေကြေးနယ်ပယ်ရှိ အစိုးရအချင်းချင်းကြား ထူထောင်ထားသော အဖွဲ့အစည်းများတွင် နိုင်ငံတော်၏ ပါဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာသော အပေးအယူပြုလုပ်မှုများကို ဆောင်ရွက်ခြင်းနှင့် တာဝန် ၀တ္တရားအားလုံးကို အစိုးရအမည်ဖြင့် တာဝန်ခံ ဆောင်ရွက်ခြင်း၊ အစိုးရကိုယ်စား အဆိုပါအဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်ခြင်း။

 


Interest Rate(%)
Central Bank Rate 10% pa
Minimum Bank Deposit Rate 8%pa
Maximum Bank Lending Rate 13%pa
Economic Indicators (%)
GDP Growth 7.30 %
Annual Rate of Inflation 6.93 %
Year on Year Inflation 7.99 %

     Source : Ministry of Planning and Finance